Cele News
အခုတလော သူပျောက်နေရတဲ့အကြောင်းအရင်းအပြင် သတင်းကောင်းတစ်ခုပါပြောပြလာတဲ့ Ah Boy
အခုတလော သူပျောက်နေရတဲ့အကြောင်းအရင်းအပြင် သတင်းကောင်းတစ်ခုပါပြောပြလာတဲ့ Ah Boy
Ah Boyကတော့အနုပညာလောကထဲမှာဆိုရင် အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။သူက ဆက်ဆံရေးမှာလဲ ပွင့်လင်းနဲ့သူတစ်ယောက်လို့ပြောလို့ရပါတယ်။ခုဆို Ah Boy က ဗီဒီယိုသရုပ်ဆောင် မြတ်ရတာကျော်နဲ့ဒုတိယအိမ်ထောင်ပြုခဲ့တာပါ။အရင်အိမ်ထောင်နဲ့က သမီးနှစ်ယောက်ရှိခဲ့ပါတယ်။
အခုဆိုAhboy ကပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။အရင်တလောက Ahboyကို တေည်လှန်ရေးနဲ့ပတ်သတ်ပြီးငြိမ်နေတဲ့အပေါ် ပြည်သူတွေရဲ့ပြစ်တင်မှု့ကိုခဲ ခံခဲ့ရတာပါ။ဒါပေမဲ့ Ahboy ကတော့နားလည်ပေးခဲ့ပါတယ်။ခုကိုဗစ်ရောဂါကအတော်လေးပျံ့ပွားနေလို့ ရရန်ခက်ခဲတဲ့အောင်စီဂျင်တွေအတွက် ကြိုးစားပေးနေပါတယ်။
သူ့စာမျက်နှာမှာလဲ “ကျနော် ဒီရက်ပိုင်းခဏပျောက်နေတာ အခြားကြောင့်မဟုတ်ပါဘူး။ ဒီ Covid ကြောင့် ကျနော်တို့ ပြည်သူပြည်သားတွေကြားမှာ အရေးတကြီး လိုအပ်နေတဲ့ Oxygen ကို မရရအောင် ဝယ်ယူဖို့ ချိတ်ဆက်ကြိုးပမ်းနေရလို့ပါ။
အခုတော့ အားလုံးအတွက် သတင်းကောင်းလေးပါးချင်ပါတယ်။ ကျနော် နဲ့ အကို ကိုကြည်သာဟန်တို့ စုပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ဒီ Dynamic Health Myanmar အနေနဲ့ 40 Liter Oxygen Cylinder နှင့် ဆက်စပ်ပစ္စည်း Set အလိုက်ကို Unit ပေါင်း အလုံး ၅၀၀ သယ်ယူလာဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ လာမယ့် ရက် ၂၀ အတွင်းရန်ကုန်ရောက်ပါမယ်။”လို့ ဝမ်းသာစရာသတင်းကောင်းလေးကို တစ်ဆင်မျှဝေလိုက်ရပါတယ်။
Zawgyi
Credit