Cele News

ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်သက်ဦးကိုရဲ့ ဖခင်ကြီး

ကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်သက်ဦးကိုရဲ့ဖခင်ကြီး

သရုပ်ဆောင်သက်ဦးကိုကတော့ဇာတ်လမ်းတွဲတွေသရုပ်ဆောင်ရာမှသရုပ်ဆောင်ချက်တွေကောင်းမွန်တာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုရရှိခဲ့ပါတယ်၊သက်ဦးကိုကဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်တာမကပဲဗွီဒီယိုဇာတ်ကားတွေမှာလဲဇာတ်ပို့နေရာကနေသရုပ်ဆောင်ပါသေးတယ်၊သက်ဦးကိုကအကြောင်းအမျိုးမျိုးကြောင့်လမ်းထွက်ကလူထုလှုပ်ရှားမှုတွေမှာမပါဝင်နိုင်ပေမယ့်လဲအမှန်တရားဘက်ကနေတော့ပြည်သူတွေနဲ့အတူပါဝင်ခဲ့ပါတယ်။

သက်ဦးကိုကအလှူအတန်းတွေမှာသူချစ်ရတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ပူးပေါင်းပြီးတော့လဲပါဝင်တတ်ပါသေးတယ်၊လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ကပ်ဆိုးရောဂါကြီးနဲ့ပတ်သတ်ပြီးတော့တစ်နေ့ထက်တစ်နေ့ကူးစက်ပျံ့ပွားမှုနှုန်းတွေကများပြားနေပါတယ်၊လိုအပ်တဲ့အောက်ဆီဂျင်တွေလဲခက်ခဲတာကြောင့်အသက်ဆုံးရှုံးရတဲ့သူတွေလဲများလာပါတယ်၊အောက်ဆီဂျင်ရရှိနိုင်ဖို့လှူဒါန်းပေးနေတဲ့သူတွေကလဲတတ်နိုင်သလောက်ကြိုးစားပေးနေကြပါတယ်။

မနေ့က၁၅ရက်၇လ၂၀၂၁ညနေ၃နာရီခွဲအချိန်မှာတော့သရုပ်ဆောင်သက်ဦးကိုရဲ့ဖခင်ကကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်၊ဒီအကြောင်းကိုသက်ဦးကိုကလဲအဖေဒီတောင်ကိုမကျော်နိုင်ခဲ့ဘူးဆိုပြီးတော့ဝမ်းနည်းစွာသူရဲ့လူမှုကွန်ယက်ကနေတစ်ဆင့်ရေးသားဖော်ပြထားပါတယ်၊ကွယ်လွန်သွားပြီဖြစ်တဲ့သရုပ်ဆောင်သက်ဦးကိုရဲ့ဖခင်လဲကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

ZawGyi Version




Credit