ထွက်ပြေးတိမ်းရှောင်နေရလို့သားအကြီးရဲ့မွေးနေ့လေးမှာအဝေးကနေဘဲဆုတောင်းပေးရတဲ့ကိုပေါက်ရဲ့ဝမ်းနည်းစရာအဖြစ်
သရုပ်ဆောင်ဒါရိုတ်တာတစ်ယောက်ဖြစ်တဲ့ကိုပေါက်တော့လူထုလှုပ်ရှားမှုကြီးမှာတတ်တတ်ကြွကြွပါဝင်ခဲ့လို့ဖမ်းဝရမ်းထွက်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ကိုပေါက်ရဲ့သားအကြီးမွေးနေ့လေးမှာအဝေးကနေဘဲဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ကိုပေါက်ကသားကြီးအတွက်မွေးနေ့ဆုတောင်း။သားသားရေသားသားကိုဖေဖေတို့ကနှစ်တိုင်းနှစ်တိုင်းမွေးနေ့လုပ်ပေးခဲ့တယ်။မွေးနေ့တိုင်းလည်းဖေဖေတို့မိသားစုအတူတူအမြဲရှိခဲ့ကြတယ်။ဆယ်ကျော်သက်ဖြစ်တဲ့ဒီ(၁၁)နှစ်ပြည့်မွေးနေ့ကျမှအတူတူရှိခွင့်မရတာနာကျင်ရပါတယ်သားရေ။
ဒါပေမယ့်ဖေဖေတို့ထက်ဆိုးတဲ့မိသားစုဘဝတွေအများကြီးပြန်ဆုံခွင့်မရတော့တာတွေထက်စာရင်တော့ဖြေသာပါတယ်သားရေ။တချို့မိသားစုတွေဆိုရင်မွေးနေ့ဆုတောင်းပေးစရာတွေမရှိတော့ဘူး။တချို့ကိုကိုမမဦးဦးဒေါ်ဒေါ်တွေကမိသားစုထံကိုဘယ်တော့မှပြန်မလာနိုင်တော့ဘူးသားရေ။
သူတို့ဘဝတွေကပိုသနားဖို့ကောင်းတယ်။ကိုယ်အဆင်ပြေနေလို့ပတ်ဝန်းကျင်ကိုမေ့ထားတတ်တဲ့လူမဖြစ်အောင်အဆိုးနဲ့အကောင်း၊အကျိုးအကြောင်းကိုခွဲခြားဆုံးဖြတ်တတ်တဲ့ဉာဏ်အမြှော်အမြင်ရှိပါစေသား။တရားခြင်းနဲ့မတရားခြင်း၊ဓမ္မနဲ့အဓမ္မကို ခွဲခြားသိတတ်ပြီးအမှန်တရားဖက်ကအမြဲတန်းရပ်တည်ပြီးခိုင်မာတဲ့စိတ်ဓာတ်တွေအမြဲရှိပါစေသားသားရေ။
အိမ်ကိုဖေဖေပြန်မလာနိုင်သေးတဲ့အချိန်သားချစ်တဲ့မေမေနဲ့ညီလေးကိုစောင့်လျှောက်ပေးနိုင်ပါစေ။ဖေဖေအရမ်းချစ်တဲ့ကိုကြီးသော်ရေ။သားသားဘဝမှာအဆင်မပြေခဲ့တာတွေရှိခဲ့ရင်ဖေဖေ့ကိုနားလည်ပေးပါ။ဖေဖေဆူခဲ့၊ဟောက်ခဲ့၊ရိုက်ခဲ့မိတာတွေကသားသားကိုမချစ်လို့ မုန်းလို့မဟုတ်ဘူးဆိုတာသားသားသိပါစေ။သားသားရဲ့လိုအင်ဆန္ဒများပြည့်ဝပါစေသားရေ။ဖေဖေမရှိတဲ့အချိန်မေမေ့စကားနားထောင်ပါသားရေ။
ဖေဖေစိတ်ပူတယ်။ သားသားတို့ညီအစ်အစ်ကိုနှစ်ယောက်ကစမက်ဒေါင်းဆော့ဖို့ဖေဖေ့ကိုမျှော်နေတဲ့အချိန်ဖေဖေပြန်မလာနိုင်သေးဘူး။အခုတော့မေမေနဲ့ဆော့ထားနှင့်နော်။ဖေဖေပြန်ရောက်မှအသားကုန်ချကြမယ်။အားမွေးထား လက်ကိုခဏခဏဆေး mask တပ်ပြီးအားရှိအောင်စားကြနော်။သားသားတို့အမြဲကျင့်သုံးရမယ့်တရားကချစ်စရာကောင်းတဲ့ လူကိုချစ်ပါ။ မုန်းစရာကောင်းတဲ့လူကိုသနားပါတယ်ဆိုတဲ့စိတ်နည်းနည်းမှမထားပဲပြတ်ပြတ်သားသားမုန်းတတ်ရမယ်။
အမှန်တရားကိုတန်ဖိုးထားပြီးချစ်တတ်တဲ့သူ ၊ အမျိုးဘာသာ သာသနာနဲ့တိုင်းပြည်ကိုချစ်တဲ့သားကြီးဖြစ်ပါစေ။ရောဂါကပ်ဆိုးနဲ့ စနစ်ဆိုးကနေသားသားတို့လို ကလေးများအားလုံး နောက်ဘယ်တော့မှမကြုံတွေ့ရပါစေနဲ့လို့ဖေဖေဆုတောင်းပါတယ်။သားရဲ့အဝေးရောက်ဖေဖေဟုဆိုပြီးသားကြီးရဲ့မွေးနေ့မှာဆုတောင်းပေးခဲ့တာဘဲဖြစ်ပါတယ်။
Credit