Cele News

ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ အောက်စီဂျင်အလှူလေးမှာ (၁၀)သိန်းပါဝင်လှူဒါန်းခဲ့တဲ့ ထူးခန့်ကျော်

ပြည်သူတွေအတွက်အမှန်တကယ်လိုအပ်နေတဲ့အောက်စီဂျင်အလှူလေးမှာ(၁၀)သိန်းပါဝင်လှူဒါန်းခဲ့တဲ့ထူးခန့်ကျော်

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ထူးခန့်ကျော်ကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်မှုကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့သူတစ်ယောက်ပါ။ဒီနေ့မှာတော့ထူးခန့်ကျော်ကပြည်သူတွေလိုအပ်နေတဲ့အောက်စီဂျင်အလှူလေးကိုပြုလုပ်ခဲ့တာကိုမျှဝေလာတာဘဲဖြစ်ပါတယ်။အင်မတန်မမေ့နိုင်သောနေ့ လူဖြစ်ခွင့်တရက်သာနပ်ခဲ့သောနေ့ကျွန်တော်ဒီကနေ့ကိုကျော်သူနာရေးကူညီမှု့အသင်းမှာအောက်ဆီဂျင်အတွက်အလှူငွေ၁၀သိန်းကျပ်လှူဒါန်းခဲ့ပါသည်။

ကျွန်တော်ထုံကျင်ကိုက်ခဲလေဖြတ်လေငန်းစသည့်အရိုးအကြောနှင့်ပတ်သက်သောရောဂါများအားအခမဲ့ကုသပေးရာတွင်ကျွန်တော်ထံလူမျိုးဘာသာမရွေးလာရောက်ကုသသောဝေဒနာရှင်များရှိပါသည်ထိုသူများသည်ကျွန်တော်စေတီတည်ဖို့ရာအတွက်အလှူခံပုံးထဲလှူသွားသလိုကျွန်တော်အတွက်လည်းသုံးဖို့လှူသွားကြလေသည်။ကျွန်တော်သုံးဖို့လှူသွားကြသောအလှူငွေလေးများကိုစုဆောင်းထားခဲ့ရာဒီကနေ့တော့ကျွန်တော်သုံးမည့်အစားလိုအပ်နေသောအောက်ဆီဂျင်အတွက်ဒီကနေ့လှူဒါန်းခဲ့လိုက်ပေသည်။

ဤအလှူသည်လူမျိုးမရွေးဘာသာမရွေးသောအလှူပင်ဖြစ်သလို ဒီCovid19ရောဂါဆိုးကြီးအားခံစားနေရသောလူနာများ၏အလှူဖြစ်သလို ဒီရောဂါဆိုးကြီးကြောင့်ကွယ်လွန်သွားသောကွယ်လွန်သူများအားရည်စူး၍လှူသောအလှူ၇ရက်သားသမီးအပေါင်းသူတော်ကောင်းတို့၏အလှူပင်ဖြစ်ပေသည်ဤကောင်းမှု့ကြောင့်လက်ရှိကျရောက်နေသောကပ်ဆိုးကြီးများဘေးဆိုးရန်ဆိုး အန္တရာယ်ဆိုးတို့မှကင်းဝေးကြစေပြီးCovid19ရောဂါဆိုးကြောင့်ကွယ်လွန်သွားသောသူများနှင့်အခြားခြားသောရောဂါဆိုးကြောင့်ကွယ်လွန်သွားသောသူများဤအောက်ဆီဂျင်လှူဒါန်းရသောကောင်းမှု့တို့ကြောင့်မြင့်မြတ်ရာဘုံဘဝသို့ရောက်ရှိကြပါစေကောင်းကျိုးလိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြ၍အားလုံးကျန်းမာလို့ချမ်းသာကြပါစေ။

Zawgyi Version




Credit