Cele News

ပြည်သူတွေ အောက်စီဂျင်ပြတ်လတ်မှုမဖြစ်ရအောင် ကိုယ်တိုင်အလှူခံပြီး လှူဒါန်းသွားမယ့် သရုပ်ဆောင် အိစိကွေး

ပြည်သူတွေအောက်စီဂျင်ပြတ်လတ်မှုမဖြစ်ရအောင်ကိုယ်တိုင်အလှူခံပြီးလှူဒါန်းသွားမယ့်သရုပ်ဆောင်အိစိကွေး

သရုပ်ဆောင်အိစိကွေးကတော့ချစ်စရာကောင်းပြီးကလေးသရုပ်ဆောင်အနေနဲ့ပရိတ်သတ်တွေစတင်သိရှိခဲ့တာဖြစ်ပါတယ်၊သရုပ်ဆောင်မှုတွေမှာလဲဇာတ်ကောင်ထဲဝင်တာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုယနေ့ထက်တိုင်ရရှိနေဆဲဖြစ်ပါတယ်၊သရုပ်ဆောင်ကောင်းသလိုတေးသီချင်းများကိုလဲတီဆိုရတာဝါသနာပါတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်၊အိစိကွေးကအရွယ်နဲ့မလိုက်အောင်ကိုလဲအလှူအတန်းအင်မတန်ရက်ရောလွန်းတဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

အိစိကွေးကတော်လှန်ရေးကြီးစတင်ကတည်းကပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးတော်လှန်ရေးကြောင့်ဆုံးရှုံးနစ်နာသူတွေကိုသူကိုယ်တိုင်အလှူငွေကောက်ခံကာသွားရောက်လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်၊ယခုတစ်ခါမှာဆိုရင်လဲလက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးအောက်ဆီဂျင်များလိုက်အပ်နေတာကြောင့်အိစိကွေးကသူကိုယ်တိုင်အလှူငွေကောက်ခံကာလှူဒါန်ပေးမယ်ဆိုတဲ့အ​ကြောင်းအခုလိုပြောကြားလာပါတယ်။

အိစိကွေးကအောက်ဆီဂျင်အတွက်အလှူခံပါမယ်ဗျ၊အခုတလောအောက်ဆီဂျင်မရလို့လက်လျော့လိုက်ရတဲ့အသက်တွေရှိပါတယ်၊တစ်ချို့ကအောက်ဆီဂျင်ဝယ်ငှါးမရလို့၊တစ်ချို့ကမတတ်နိင်လို့၊အကြောင်းကြောင်းကြောင့်လက်လျော့လိုက်ရတာတွေရှိပါတယ်၊အလှူငွေပမာဏအပေါ်မူတည်ပြီးလုပ်ပေးနိင်သလောက်လုပ်ပါ့မယ်၊အောက်ဆီဂျင်ဘူးတွေဝယ်ဖြည့်ထားပြီးလိုတဲ့သူတွေကိုအခမဲ့အသုံးပြုခွင့်ပေးထားတာမျိုးတွေအလှူငွေအရမ်းများလာရင်လည်းအောက်ဆီဂျင်အခမဲ့ဖြည့်ပေးတာမျိုးတွေလုပ်ပေးချင်လို့ပါ၊​ကျေးဇူးပါဗျာဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်၊

Zawgyi Version




Credit