Cele News

ကိုဗစ်ရောဂါကြောင့် အလူးအလဲခံစားခဲ့ရတာတွေကို ပရိသတ်ကြီးကိုရင်ဖွင့်လာတဲ့ မေမီကိုကို

ကိုဗစ်ရောဂါကြောင့်အလူးအလဲခံစားခဲ့ရတာတွေကိုပရိသတ်ကြီးကိုရင်ဖွင့်လာတဲ့မေမီကိုကို

Mrtv 4 မင်းသမီးတစ်လက်ဖြစ်တဲ့မေမီကိုကိုကတော့ ဇာတ်လမ်းတွဲများစွာပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်အားပေးမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။မေမီကိုကိုကတော့လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကူးစက်ခံထားရပြီးသူမတွေ့ကြုံခဲ့ရတဲ့ခံစားချက်တွေကိုမျှဝေလာဘဲဖြစ်ပါတယ်။မေမီကိုကိုကရက်ပေါင်း၁၀ရက်ကိုအောင်မြင်စွာဖြတ်ကျော်နိုင်ပါပြီစားတယ်ငိုတယ်အိပ်တယ်ဒီသုံးမျိုးနဲ့လည်ပတ်ခဲ့ပါတယ်။

စဖျားတုန်းက ၅ရက်လောက်အစားမဝင်ပါဘူးအနံ့စပျောက်တဲ့နေ့တည်းကသေမှာမကြောက်ပေမဲ့သေသွားမှာစိုးတာနဲ့ အကုန်ပါးစပ်ထဲ ထည့်ပါတယ်။အရင်ကဝိတ်ထိန်းတဲ့အနေနဲ့ငါးပိရည်နဲ့မစားပါဘူးခုဆိုငါးပိရည်တစ်မျိုးတည်းနဲ့ထမင်းကိုတွယ်ပါတယ်။အစားလွန်ပြီးအိအိအအတွေအော်ရတဲ့အထိစားမိပါတယ်။အခန်းထဲပိတ်ပြီးနေပါတယ်လေဖြတ်ထားတဲ့အဖေ့ကိုကူးမှာစိုးလို့အိပ်တာကလည်းတရားလွန်အိပ်ပစ်တယ်တချက်တချက်ကျရင်အသက်ရှုမရတော့လို့လန့်ပြီးငိုတယ်ချောင်းတခါဆိုးရင်မေတ္တာပို့ပို့ပြီးအော်ငိုရတာလည်းအမော(ငါလေသေလည်းမသေနိုင်သေးဘူးသေရင်လည်းသေလိုက်တော့)ဆိုပြီးငိုပြီးရင်အားသာချက်ကပွင့်ထွက်သွားတယ်စိတ်တွေနေလို့ကောင်းသွားတယ်ကျွန်တော့်အတွက်တစ်ခုရှိတာကဖျားနေတဲ့အတွင်းကြက်ပြုတ်လည်းမလိုအပ်ခဲ့သလိုကြက်ဥလည်းမစားခဲ့ပါဘူး။

ဖျားရင်ဒါတွေသောက်ရမှာထုံးစံလိုဖြစ်ပေမဲ့ ကျွန်တော်မစားနိုင်ခဲ့ဘူး(စားမဝင်လို့)ထမင်းစားကအစာမကြေတာတော့အနည်းငယ်ဖြစ်တာပေါ့ဒါမဲ့ကျွန်တော်ထမင်းပဲစားပါတယ်ကျွန်တော်ကိုဘေးနားမှာပြစုပေးတဲ့အစ်မနှစ်ယောက်ဆိုအမြဲလက်ဆေးနေတော့သူတို့ကိုမကူးခဲ့ဘူးသူတို့ကသန်မာတဲ့သူတွေဘာပဲပြောပြောထပ်မှာချင်တာကတော့စားပါအရမ်းစားပါနော်ပြီးတော့ဆေးကိုလည်းပတ်လည်အောင်သောက်ကြပါနော်စိတ်ဓာတ်မကျပါနဲ့ Fighting ပါကျွန်တော့်ကိုစိတ်ပူပေးကြတဲ့သူတွေအကုန်လုံးကိုကျေးဇူးမွချိပါလို့သူမရဲ့လူမှုကွန်ရက်စာမျက်ကနေပြောပြလာတာဘဲဖစ်ပါတယ်။

Zawgyi Version




Credit