Cele News

ပြည်သူဘက်တော်သားနိုင်ငံဝန်ထမ်းတွေအတွက် အလှူငွေသိန်း(၂၀)လှူဒါန်းပေးလိုက်တဲ့ ဝတ်မှုံရွှေရည်

ပြည်သူဘက်တော်သားနိုင်ငံဝန်ထမ်းတွေအတွက်အလှူငွေသိန်း(၂၀)လှူဒါန်းပေးလိုက်တဲ့ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ခင်အားပေးရတဲမင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်​ဆောင်နိုင်ပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။ဒါအပြင်ဝတ်မှုံရွှေရည်ကတော့နိုင်ငံတကာထိပါအောင်မြင်နေပြီးထိုင်းကမင်းသမီးတွေနဲ့ပါတွဲဖက်သရုပ်ဆောင်နေရတာလည်းဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့လူထုလှုပ်ရှားမှုတွေမှာတတ်တတ်ကြွကြွပါဝင်ခဲ့သလို CDM ဝန်ထမ်းတွေအတွက်လည်းလှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။ကနေ့မှာတော့သရုပ်ဆောင်ဝတ်မှုံရွှေရည်ကတော့အလုပ်နားနေကြတဲ့ဝန်ထမ်းတွေအတွက်အလှူငွေကျပ်သိန်း၂၀လှူဒါန်းလိုက်ကြောင်းသိရှိရပါတယ်၊ဒီလိုအခက်အခဲဖြစ်နေကြတဲ့ပြည်သူတွေကိုလှူဒါန်းတာဟာကုသိုလ်တစ်ခုပါပဲနော်။

ဝတ်မှုံရွှေရည်ကတော့အနုပညာနယ်ပယ်မှာလည်းအောင်မြင်နေသလိုပရိဟိတစိတ်လည်းအပြည့်အဝရှိပြီးလိုအပ်တဲ့နေရာတွေကိုလည်းပုံမှန်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။ကစ်ရဲ့မွန်မြတ်လှတဲ့အလှူလေးကိုသာဓုခေါ်ပေးပါဦးနော်။

Zawgyi Version




Credit