Cele News

သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ကြက်ပေါင်းရောင်းရတဲ့ငွေနဲ့ ကိုဗစ်လူနာတွေအတွက် ထမင်းဗူး(၁၀၀)လှူဒါန်းခဲ့တဲ့ အောင်လေး

သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ကြက်ပေါင်းရောင်းရတဲ့ငွေနဲ့ကိုဗစ်လူနာတွေအတွက်ထမင်းဗူး(၁၀၀)လှူဒါန်းခဲ့တဲ့ အောင်လေး

သရုပ်ဆောင်အောင်လေးကတော့နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသားဖြစ်တဲ့အပြင်ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့သူပဲဖြစ်ပါတယ်၊အောင်လေးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်ခဲ့ပါတယ်။

အောင်လေးကတော့လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါနဲ့ပတ်သတ်ပြီးတော့အသိပေးပြောကြားထားတဲ့အပြင်ဒီကနေ့မှာဆိုရင်လဲကိုဗစ်ဖြစ်နေတဲ့လူနာတွေကိုထမင်းဘူး၁၀၀လှူဒါန်းသွားမယ့်အကြောင်းကိုသူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။

အောင်လေးကဒီနေ့ကြက်မဲအကောင်၁၀၀ရောက်ပါပြီ၊အော်ဒါစကောက်ပါ့မယ်ခင်ဗျာ၊ကြက်မဲဆေးပေါင်းရယ်၊ဗမာကြက်ဆေးပေါင်းရယ်၊ဝက်နံရိုးမီးတောက်ရယ်၊ဆိတ်စွပ်၊ကြက်ပေါင်းဆန်ပြုတ်ရယ်ရပါ့မယ်ခင်ဗျ၊ဒီနေ့အော်ဒါကောက်ပြီးရင်တော့ နောက်ရက်ထဲမှာကြက်ပေါင်းပွဲ၁၀၀သွားရောက်လှူတန်းဖို့ရှိပါတယ်ခင်ဗျာ၊ကျွန်တော်တို့နဲ့အတူပါဝင်လှုဒါန်းချင်တဲ့မိတ်ဆွေများလဲပိုက်ဆံမှမဟုတ်ပါဘူးဆန်၊ဆီ၊ဆား၊ဆေး၊ကြက်ဥပစ္စည်းများကိုလည်းပါဝင်လှူဒါန်းလို့ရပါတယ်ခင်ဗျာ၊ကျွန်တော်တို့သွားလှူရင်းနဲ့တစ်ခါထဲလှူတန်းပေးပါမယ်၊ပြီးရင်တော့အလှူစာရင်းများကိုလဲအာလုံးမြင်အောင်တစ်ခါထဲတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ၊တကယ်လိုအပ်တဲ့နေရာမျိုးလေးတွေသိခဲ့ရင်လဲကွန့်မန့်မှာလာရောက်မန့်ပေးနိုင်ပါတယ်ခင်ဗျာဆိုပြီးတော့သူသွားရောက်လှူမယ့်အလှူကိုလဲပြောပြထားပါသေးတယ်၊ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

သ႐ုပ္ေဆာင္ေအာင္ေလးကေတာ့ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းစြဲမင္းသားျဖစ္တဲ့အျပင္ပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႕အတူပရိတ္သတ္ေတြရဲ႕အားေပးမႈကိုအခိုင္အမာရရွိထားတဲ့သူပဲျဖစ္ပါတယ္၊ေအာင္ေလးကေတာ္လွန္ေရးႀကီးမွာလဲျပည္သူေတြနဲ႕အတူတစ္သားတည္းပါဝင္ၿပီးလမ္းထြက္ကာလူထုလႈပ္ရွားမႈေတြမွာလဲအားတက္သေရာပါဝင္ခဲ့ပါတယ္။

ေအာင္ေလးကေတာ့လက္ရွိမွာျဖစ္ေပၚေနတဲ့ကိုဗစ္ေရာဂါနဲ႕ပတ္သတ္ၿပီးေတာ့အသိေပးေျပာၾကားထားတဲ့အျပင္ဒီကေန႕မွာဆိုရင္လဲကိုဗစ္ျဖစ္ေနတဲ့လူနာေတြကိုထမင္းဘူး၁၀၀လႉဒါန္းသြားမယ့္အေၾကာင္းကိုသူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာေရးသားေဖာ္ျပထားပါတယ္။

ေအာင္ေလးကဒီေန႕ၾကက္မဲအေကာင္ ၁၀၀ေရာက္ပါၿပီ၊ေအာ္ဒါစေကာက္ပါ့မယ္ခင္ဗ်ာ၊ၾကက္မဲေဆးေပါင္းရယ္၊ဗမာၾကက္ေဆးေပါင္းရယ္၊ဝက္နံရိုးမီးေတာက္ရယ္၊ဆိတ္စြပ္၊ၾကက္ေပါင္းဆန္ျပဳတ္ရယ္ရပါ့မယ္ခင္ဗ်၊ဒီေန႕ေအာ္ဒါေကာက္ၿပီးရင္ေတာ့ ေနာက္ရက္ထဲမွာၾကက္ေပါင္းပြဲ၁၀၀သြားေရာက္လႉတန္းဖို႔ရွိပါတယ္ခင္ဗ်ာ၊ကြၽန္ေတာ္တို႔နဲ႕အတူပါဝင္လႈဒါန္းခ်င္တဲ့မိတ္ေဆြမ်ားလဲပိုက္ဆံမွမဟုတ္ပါဘူး ဆန္၊ဆီ၊ဆား၊ေဆး၊ၾကက္ဥပစၥည္းမ်ားကိုလည္းပါဝင္လႉဒါန္းလို႔ရပါတယ္ခင္ဗ်ာ၊ကြၽန္ေတာ္တို႔သြားလႉရင္းနဲ႕တစ္ခါထဲလႉတန္းေပးပါမယ္၊ၿပီးရင္ေတာ့ အလႉစာရင္းမ်ားကိုလဲအာလုံးျမင္ေအာင္တစ္ခါထဲ တင္ျပေပးသြားမွာျဖစ္ပါတယ္ခင္ဗ်ာ၊
Credit