Cele News

ဇူလိုင်လ (၈)ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မှာပြန်လည်လွတ်မြောက်လာပြီလို့ ပရိသတ်တွေကိုအသိပေးလာတဲ့ တိုင်ရွန်

ဇူလိုင်လ(၈)ရက်နေ့ကဖမ်းဆီးခံခဲ့ရပြီးဒီနေ့မှာပြန်လည်လွတ်မြောက်လာပြီလို့ပရိသတ်တွေကိုအသိပေးလာတဲ့တိုင်ရွန်

မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့မင်းသားချောတိုင်ရွန်ကတော့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးအောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။တိုင်ရွန်ကတော့လူထုတော်လှန်ရေးကြီးမှာတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးကိုယ်တိုင်လမ်းပေါ်ထွက်ကာပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့အနုပညာရှင်အချို့ကိုဖမ်းဝရမ်းထုတ်ခဲ့ပြီးနာမည်ကြီးအနုပညာရှင်တွေလည်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဂျူလိုင်လ၈ရက်နေ့ကတိုင်ရွန်ဖမ်းဆီးခံခဲ့ရတယ်လို့သတင်းတွေထွက်နေပေမယ့်ဘယ်သူမှအတိုင်မပြုနိုင်လို့ပရိတ်တွေကသေချာမသိခဲ့တာဘဲဖြစ်ပါတယ်။

ဒီနေ့မှာတော့တိုင်ရွန်ကိုယ်တိုင်ကသူအဖမ်းခံခဲ့ရကြောင်းလူမှုကွန်ရက်စာမျက်နှာမှာပြောပြလာတာလည်းဖြစ်ပါတယ်။တိုင်ရွန်ကကျွန်တော်ပြန်လွတ်နေပါပြီ။ဖမ်းခံရတာကJuly 8ကပါတင်လို့မရလို့သာမတင်တာပါခင်ဗျာ။အခုအားလုံးအဆင်ပြေသွားပါပြီစိတ်ပူပေးကြလို့ကျေးဇူးတင်ပါတယ်ဆိုပြီးအသိပေးရေးသားထားတာဖြစ်ပါတယ်။

Zawgyi Version




Credit