Cele News

အာဇာနည်နေ့အခမ်းအနားကို မြန်မာဝတ်စုံဝတ်ဆင်ပြီး စိတ်မကောင်းခြင်းများစွာဖြင့် အမှာစကား ပြောခဲ့တဲ့ အမေစု သားငယ် ကင်မ်

အာဇာနည်နေ့အခမ်းအနားကိုမြန်မာဝတ်စုံဝတ်ဆင်ပြီး စိတ်မကောင်းခြင်းများစွာဖြင့် အမှာစကားပြောခဲ့တဲ့ အမေစုသားငယ်ကင်မ်

ဒီနေ့ကတော့တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲပေးဆပ်ခဲ့တဲ့အာဇာနည်သူရဲကောင်းတွေရဲ့မမေ့နိုင်ဖွယ်(၇၄)ကြိမ်မြောက်အာဇာနည်နေ့ဘဲဖြစ်ပါတယ်။မြန်မာနိုင်ငံအနှံ့အပြားသာမက ပြည်ပနိုင်ငံတွေထိပါအာဇာနည်နေ့လွမ်းမောဖွယ်အခမ်းအနားကိုကျင်းပနေတာလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံလန်ဒန်မြို့တွင်မနေ့ကကျင်းပပြုလုပ်တဲ့အာဇာနည်နေ့အောက်မေ့သတိရအခမ်းအနားနဲ့နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားကြတဲ့သူရဲကောင်းတို့အားဂုဏ်ပြုတဲ့အခမ်းအနားအားနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကင်မ်လည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။ကင်မ်ကတော့ဒီပွဲမှာအာဇာနည်နေ့နဲ့ပတ်သက်ပြီး အမှာစကားတစ်ချို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။မိခင်ရဲ့ကျန်းမာရေးအခြေအနေတွေကိုစိုးရိမ်နေတဲ့သားဖြစ်သူရဲ့ ညှိုးငယ်နေတဲ့မျက်နှာလေးကိုမြင်တွေ့လိုက်ရတာကြောင့်ပြည်သူများကစိတ်မကောင်းဖြစ်နေခဲ့ကြရတာဖြစ်ပါတယ်။

ကင်မ်ဟာအာဇာနည်နေ့အခမ်းအနားအားလည်ကတုံးအင်္ကျီ၊ကချင်ရိုးရာပုဆိုးနဲ့ကတ္တီပါဖိနပ်လေးကိုဝတ်ဆင်ပြီးရိုးရှင်းစွာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဦးခေါင်းထက်မှာလည်းဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်အနက်ရောင်ခေါင်းပေါင်းလေးကိုဆောင်းထားတာကိုမြင်တွေ့ခဲ့ရသဖြင့်ပြည်သူတွေအားလုံးကကင်မ်နဲ့ထပ်တူဝမ်းနည်းနေကြတာဖြစ်ပါတယ်။အမေစုအမြန်ဆုံးလွတ်မြောက်ပြီးချစ်ရတဲ့မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Video ကြည့်ရန်

Zawgyi Version

ဒီေန႕ကေတာ့ တိုင္းျပည္နဲ႕လူမ်ိဳးအတြက္ အသက္ကိုပဓာနမထားဘဲ ေပးဆပ္ခဲ့တဲ့ အာဇာနည္သူရဲေကာင္းေတြရဲ႕မေမ့နိုင္ဖြယ္ (၇၄)ႀကိမ္ေျမာက္အာဇာနည္ေန႕ဘဲျဖစ္ပါတယ္။ျမန္မာနိုင္ငံအႏွံ႕အျပားသာမက ျပည္ပနိုင္ငံေတြထိပါ အာဇာနည္ေန႕လြမ္းေမာဖြယ္အခမ္းအနားကိုက်င္းပေနတာလည္းျဖစ္ပါတယ္။

အဂၤလန္နိုင္ငံလန္ဒန္ၿမိဳ႕တြင္မေန႕ကက်င္းပျပဳလုပ္တဲ့အာဇာနည္ေန႕ေအာက္ေမ့သတိရအခမ္းအနားနဲ႕ႏြေဦးေတာ္လွန္ေရးတြင္က်ဆဳံးသြားၾကတဲ့သူရဲေကာင္းတို႔အားဂုဏ္ျပဳတဲ့အခမ္းအနားအားနိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕သားငယ္ကင္မ္လည္းတက္ေရာက္ခဲ့တာျဖစ္ပါတယ္။ကင္မ္ကေတာ့ ဒီပြဲမွာအာဇာနည္ေန႕နဲ႕ပတ္သက္ၿပီး အမွာစကားတစ္ခ်ိဳ႕ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။မိခင္ရဲ႕က်န္းမာေရးအေျခအေနေတြကိုစိုးရိမ္ေနတဲ့သားျဖစ္သူရဲ႕ ညွိုးငယ္ေနတဲ့မ်က္ႏွာေလးကိုျမင္ေတြ႕လိုက္ရတာေၾကာင့္ျပည္သူမ်ားကစိတ္မေကာင္းျဖစ္ေနခဲ့ၾကရတာျဖစ္ပါတယ္။

ကင္မ္ဟာအာဇာနည္ေန႕အခမ္းအနားအားလည္ကတုံးအကၤ်ီ၊ကခ်င္ရိုးရာပုဆိုးနဲ႕ကတၱီပါဖိနပ္ေလးကိုဝတ္ဆင္ၿပီးရိုးရွင္းစြာတက္ေရာက္ခဲ့တာျဖစ္ပါတယ္။ဦးေခါင္းထက္မွာလည္းဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္အနက္ေရာင္ေခါင္းေပါင္းေလးကိုေဆာင္းထားတာကိုျမင္ေတြ႕ခဲ့ရသျဖင့္ျပည္သူေတြအားလုံးကကင္မ္နဲ႕ထပ္တူဝမ္းနည္းေနၾကတာျဖစ္ပါတယ္။အေမစုအျမန္ဆုံးလြတ္ေျမာက္ၿပီးခ်စ္ရတဲ့မိသားစုနဲ႕ ျပန္ဆုံဆည္းနိုင္ပါေစလို႔ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ရပါတယ္။

Credit