Cele News

ဧပြီလ(၃)ရက်နေ့ကတည်းက တစ်မိသားစုလုံးထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်းပြောပြလာတဲ့ ဖွေးဖွေး

ဧပြီလ(၃)ရက်နေ့ကတည်းကတစ်မိသားစုလုံးထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်းပြောပြလာတဲ့ဖွေးဖွေး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့အနုပညာအရည်အချင်းပြည့်ဝပြီး ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သဘာဝကျတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဖွေးစိန်လေးကတော့လူထုလှုပ်ရှားမှုတွေမှာတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးလမ်းပေါ်ထိထွက်ကာပြည်သူတွေနဲ့တသားတည်းရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်မလို့ဖွေးစိန်လေးကို ပုဒ်မ ၅၀၅ကဖြင့်ဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီကနေ့ဇူလိုင်လ၁၉ရက်နေ့မှာတော့သရုပ်ဆောင်ဖွေးဖွေးကသူမရဲ့ခံစားချက်တစ်ချို့နဲ့ရဲတွေလိုက်ဖမ်းလို့တစ်မိသားစုလုံးထွက်ပြေးနေရတဲ့မကြောင်းကိုအခုလိုပြောကြားလာပါတယ်၊ဖွေးဖွေးကကိုယ့်လူ​တွေRIPဖြစ်​နေကြရပြီ၊ကိုယ်လဲဖြစ်သွားနိုင်တာပဲမို့​လောကကြီးကဘာ​တွေဖြစ်​နေမှန်းစဥ်းစားရင်း​ခေါင်းရှုပ်လာ​ပေမယ့်ချစ်တယ်ပြန်ဆုံကြမယ်၊စိတ်မ​လျှော့လိုက်ကြနဲ့​နော်၊အရာအာလုံးကိုစိတ်တူသူ​တွေအားလုံးတူတူရင်ဆိုင်ကြမယ်၊ဘာပဲဖြစ်ဖြစ်ပြန်ဆုံကြရမယ်လို့​တွေးထား​ပေးပါ၊Covidနဲ့Coupကိုကြံ့ကြံ့ခံနိုင်တဲ့အားလုံးဟာအာဇာနည်​တွေပါပဲ၊ပုံ​လေးကအားလုံးစိတ်ညစ်​နေရတာ​တွေခဏတာ​ပဲဖြစ်ဖြစ်ပျောက်​အောင်ပါ​နော်ဆိုပြီးတော့သူမရဲ့ခံစားချက်ကိုပြောပြလာပါတယ်။

နောက်ပြီးတော့သူမထွက်ပြေးနေရတဲ့အကြောင်းကိုလဲApril၄ရက်​နေ့ထဲကအိမ်ကိုရဲ​တွေဝင်ဖမ်းဖို့ကြိုးစား​တော့မိသားစုလိုက်ပြေး​​နေရတာပါ၊နားလည်​ပေးပါ၊ပစ်ထားတာမဟုတ်ရပါဘူးကွယ်ဆိုပြီးတော့လဲပြန်လည်ရှင်းပြထားပါသေးတယ်၊ဖွေးဖွေးအပြင်တစ်ခြားသောသူတွေအားလုံးလဲဘေးကင်းကြပါစေ၊ဖမ်းဆီးထားတဲ့သူတွေလဲအမြန်ဆုံးလွှတ်မြောက်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi Version


ဒီကနေ့ဇူလိုင်လ၁၉ရက်နေ့မှာတော့သရုပ်ဆောင်ဖွေးဖွေးကသူမရဲ့ခံစားချက်တစ်ချို့နဲ့ရဲတွေလိုက်ဖမ်းလို့တစ်မိသားစုလုံးထွက်ပြေးနေရတဲ့မကြောင်းကိုအခုလိုပြောကြားလာပါတယ်၊ဖွေးဖွေးကကိုယ့်လူ​တွေRIPဖြစ်​နေကြရပြီ၊ကိုယ်လဲဖြစ်သွားနိုင်တာပဲမို့​လောကကြီးကဘာ​တွေဖြစ်​နေမှန်းစဉ်းစားရင်း​ခေါင်းရှုပ်လာ​ပေမယ့်ချစ်တယ်ပြန်ဆုံကြမယ်၊စိတ်မ​လျှော့လိုက်ကြနဲ့​နော်၊အရာအာလုံးကိုစိတ်တူသူ​တွေအားလုံးတူတူရင်ဆိုင်ကြမယ်၊ဘာပဲဖြစ်ဖြစ်ပြန်ဆုံကြရမယ်လို့​တွေးထား​ပေးပါ၊Covidနဲ့Coup ကိုကြံ့ကြံ့ခံနိုင်တဲ့အားလုံးဟာအာဇာနည်​တွေပါပဲ၊ပုံ​လေးကအားလုံးစိတ်ညစ်​နေရတာ​တွေ ယခဏတာ​ပဲဖြစ်ဖြစ်ပျောက်​အောင်ပါ​နော်ဆိုပြီးတော့သူမရဲ့ခံစားချက်ကိုပြောပြလာပါတယ်။


Credit