Cele News

မိခင်နဲ့အတူ ကိုဗစ်ကူးစက်ခံလိုက်ရကြောင်း ဝမ်းနည်းစွာပြောပြလာတဲ့ အဆိုတော်တင်ဇာမော်

မိခင်နဲ့အတူကိုဗစ်ကူးစက်ခံလိုက်ရကြောင်းဝမ်းနည်းစွာပြောပြလာတဲ့အဆိုတော်တင်ဇာမော်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ တင်ဇာမော်ကတော့အမိုက်စားသီချင်းတွေကိုသီဆိုပြီးလူသိများလာခဲ့တာဘဲဖြစ်ပါတယ်။ကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိထားပြီးအားလုံးနီးပါးအောင်မြင်ခဲ့တာဘဲဖြစ်ပါတယ်။ဒီနေ့မှာတော့တင်ဇာမော်ကလတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကူးစက်ခံလိုက်ရတယ်လို့ ဝမ်းနည်းစွာပြောပြလာပါတယ်။

တင်ဇာမော်ကဒီနေ့တစ်နေကုန်မနက်ကနေည‌နေထိတောက်လျှောက်မနားတမ်းမေမေ့အတွက်လုပ်စရာတွေလုပ်နေရင်းကတီတီခိုင့်သတင်းကြားတော့ခဏလောက်တော့ထိုင်ချလိုက်ရတယ်။ညနေရောက်တော့ကိုယ့်ဖာသာဝယ်ထားတဲ့ Test kit ကိုသုံးပြီးဆရာမလေးတစ်ယောက်ကိုအကူအညီတောင်းနှာခေါင်းနှိုက်ပြီးစစ်တော့ကျမဆီဧည့်သည်ရောက်နေပါ‌ရောလား။

မေမေ Day7၊TZM Day 3မေမေအမြန်ဆုံးသက်သာပါစေမေမေ့အတွက်အောက်ဆီဂျင်တတ်နိုင်သမျှကူညီပေးကြတဲ့မိတ်ဆွေများရောကူညီကြတဲ့မိတ်ဆွေများရောအားလုံးကိုကျေးဇူးအထူးအထူးတင်ပါတယ်ရှင်ဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာရေးသားထားပါတယ်။

Zawgyi Version




Credit