ခံယူချက်ခြင်းထပ်တူကျပြီးပြည်သူတွေဘက်ကရပ်တည်ပေးခဲ့ကြတဲ့အနုပညာရှင်စုံတွဲများ
မြန်မာနိုင်ငံမှာဖေဖဝါရီလတစ်ရက်နေ့ကစ၍အာဏာသိမ်းပြီးနောက်ပိုင်းမှာပြည်သူတွေကလုံးဝလက်မခံဘဲလမ်းမပေါ်တွေထိထွက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဘဲဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူအနုပညာရှင်တချို့ကလည်းအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးစစ်အဏာရှင်ကိုဆန့်ကျင်ခဲ့ကြတာဘဲဖြစ်ပါတယ်။ဒီနေ့မှာတော့ခံယူချက်ခြင်းတူပြီးအမှန်တရားဘက်ကပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့အနုပညာရှင်စုံတွဲတွေအကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။
သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဟာဆိုရင်နှစ်ယောက်လုံးရဲ့အနုပညာအရည်းအသွေးတွေဟာထက်မြတ်ပြီးအောင်မြင်မှုတွေရရှိထားကြတဲ့မင်းသားနဲ့မင်းသမီးစုံတွဲလေးပဲဖြစ်ပါတယ်၊ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မှာချစ်စရာကောင်းကြတဲ့သားသားနဲ့မီးမီးတွေကိုလဲပိုင်ဆိုင်ထားပါသေးတယ်ဗျာ၊သူတို့နှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိကြပြီးအလိုက်ဖက်ဆုံးစုံတွဲတွေဆိုရင်လဲမမှားပါဘူးနော်။
ဒါရိုက်တာဏကြီးနဲ့သရုပ်ဆောင်ပိုင်ဖြိုးသုဟာဆိုရင်လဲတစ်ယောက်ချင်းတွေစီမှာလဲအောင်မြင်မှုတွေရရှိပြီးသားဖြစ်ပါတယ်သရုပ်ဆောင်ပိုင်ဖြိုးသုကလဲအပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့ပရိတ်သတ်တွေရဲ့အချစ်ကိုဖမ်းစားထားတဲ့အကယ်ဒမီမင်းသအမီးပဲဖြစ်ပါတယ်၊သူတို့နှစ်ယောက်ကလဲတစ်ဦးကိုတစ်ဥိးအရမ်းချစ်ကြပြီးဂရုစိုက်ပေးနေကြတာဖြစ်လို့အလိုက်ဖက်ဆုံးစုံတွဲလို့လဲပရိတ်သတ်တွေကတင်စားထားကြပါတယ်။
သရုပ်တောင်ဇဏ်ခီနဲ့ဒါရိုက်တာခရစ်တီးနားခီတို့ဟာဆိုရင်လဲမတူညီတဲ့လုပ်ဆောင်ချက်တွေ၊အမိုက်စားသရုပ်ဆောင်ချက်တွေ၊ရိုက်ချက်တွေနဲ့ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့မင်းသားနဲ့ဒါရိုက်တာပဲဖြစ်ပါတယ်၊စထွက်လာကတည်းသူမင်းသားနဲ့ဒါရိုက်တာစုံတွဲဆိုပြီးပရိတ်သတ်များကစတင်သတိထားမိလာပြီးသူတို့နှစ်ယောက်ရဲ့ဇာတ်ကားတွေကလဲအင်မတန်ကောင်းလွန်းတာကြောင့်အောင်မြင်မှုတွေအသီးသီးရရှိခဲ့ကြပါတယ်၊
ဒီအလိုက်ဖက်ဆုံးစုံတွဲ၃တွဲဟာဆိုရင်တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်ခဲ့ပါသေးတယ်၊လက်ရှိမှာတော့ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်စစ်အစိုးရရဲ့ဖမ်းဆီးခြင်းခံထားရတာလည်းဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့တော်လှန်ရေးကြီးပြီးသွားရင်ပြည်သူတွေနဲ့ရပ်တည်ခဲ့တဲ့အနုပညာရှင်တွေကိုပိုပြီးအားပေးကြရအောင်နော်။
Credit