Cele News
ဇူလှိုင်လ(၃၀)ရက်နေ့မှာ ယှဥ်ပြိုင်ထိုးသတ်မယ့် မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်နဲ့ ဘရာဇီး ဖိုက်တာ လီအန်ဒရို
ဇူလှိုင်လ(၃၀)ရက်နေ့မှာယှဥ်ပြိုင်ထိုးသတ်မယ့်မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်နဲ့ဘရာဇီးဖိုက်တာလီအန်ဒရို
မြန်မာဂုဏ်ဆောင်MMAဖိုက်တာတစ်ယောက်ဖြစ်တဲ့အောင်လအန်ဆန်ကတော့နှစ်ပွဲဆက်ရှုံးပွဲကြုံထားပြီးချန်ပီယံခါးပတ်တွေကိုလည်းဆုံးရှုံးထားရတဲ့သူတစ်ယောက်ပါ။အောင်လနဲ့ထိုးသတ်မယ့် လီအန်ဒရိုအားတိုင်းဒီးစ်ဟာOne Championshipမစ်ဒယ်ဝိတ်တန်းရဲ့ထိပ်ပိုင်းဖိုက်တာတစ်ယောက်ဖြစ်ပြီးအောင်လနှစ်ပွဲဆက်ရှုံးနှိမ်ခဲ့တဲ့နယ်သာလန်နိုင်ငံသားဘစ်ဒက်ရှ်လိုဖိုက်တာမျိုးတွေတောင်အနိုင်ယူထားသူတစ်ယောက်ပါ။
ဒါကြောင့်မလို့အောင်လအတွက်ခက်ခဲတဲ့ပွဲတစ်ပွဲဘဲဖြစ်မှာပါ။ဒါအပြင်အောင်လအန်ဆန်အနေနဲ့ဒီပွဲကိုအနိုင်ခဲ့ရရင်ချန်ပီယံခါးပတ်လုခွင့်ပြန်ရဖို့များပါတယ်။ဒါကကစားသမားရှားပါးမှုပြသနာကြောင့်လဲပါဝင်သလိုUFCမှာဆိုရင်လည်းအချိန်အကြာကြီးချန်ပီယံဖြစ်ခဲ့ဖူးတဲ့ဖိုက်တာတစ်ယောက်ဟာခါးပတ်ပြုတ်သွားရင်တောင်ထိပ်တန်းဖိုက်တာတစ်ယောက်ကိုပြတ်ပြတ်သားသားပြန်အနိုင်ယူပြနိုင်ရင်ခါးပတ်လုခွင့်ပြန်ရတတ်တာပုံမှန်ပါဘဲ။
အဲ့ဒါကြောင့်ဒီပွဲဟာအောက်လအန်ဆန်အတွက်ရော၊သူ့ပြိုင်ဖက်လီအန်ဒရိုအတွက်ရောအရမ်းကိုအရေးကြီးတဲ့ပွဲပါ။လီအန်ဒရိုကလည်း ဒီပွဲကိုအနိုင်ရရှိရင်ချန်ပီယံလုခွင့်ကိုရရှိမှာအသေအချာပါဘဲ။
Zawgyi Version
Credit