Cele News

မိခင်ကြီးရဲ့အသက်ကို အချိန်မိမကယ်နိုင်ခဲ့လို့ ဝမ်းနည်းစွာငိုကြွေးနေတဲ့ သရုပ်ဆောင် သီရတီ

မိခင်ကြီးရဲ့အသက်ကိုအချိန်မိမကယ်နိုင်ခဲ့လို့ဝမ်းနည်းစွာငိုကြွေးနေတဲ့သရုပ်ဆောင်သီရတီ

မင်းသမီးချောလေးသီရတီကတော့ဗီဒီယိုဇာတ်ကားတွေမှာအဓိကပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်အားပေးမှုရရှိခဲ့တာဘဲဖြစ်ပါတယ်။သီရတီရဲ့မိခင်ကြီးကတော့ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းကနေကျန်းမာရေးမကောင်းဖြစ်နေခဲ့ပြီးသီရတီကမိခင်ကြီးကိုအနီးကပ်မပြတ်တမ်းတတ်နိုင်သလောက်ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။

သိုပေမယ့်လည်းဒီနေ့မှာတော့သီရတီရဲ့မိခင်ကြီးကဘဝတစ်ပါးသို့ကွယ်လွန်သွားခဲ့​ပြီဘဲဖြစ်ပါတယ်။သီရတီကတော့မိခင်ကြီးနေမကောင်းဖြစ်နေချိန်မှာကိုယ်တိုင်ကဆရာဝန်တစ်ယောက်မဟုတ်တာကြောင့်မိခင်ကြီးရဲ့အသက်ကိုမကယ်နိုင်ခဲ့ဘူးလို့ဝမ်းနည်းစွာနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမိခင်ကြီးကိုဆုံးရှုံးလိုက်ရကြောင်းဖော်ပြထားခဲ့ပါတယ်။

သီရတီရဲ့မေမေကွယ်လွန်သွားတဲ့သတင်းလေးကြောင့်သီရတီတို့မိသားစုနဲ့ထပ်တူစိတ်မကောင်းဝမ်းနည်းဖြစ်ရပြီးအန်တီကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ပရိသတ်ကြီးတွေထဲကသီရတီရဲ့ပရိသတ်တွေလည်းမိခင်ကြီးကိုဆုံးရှုံးလိုက်ရတဲ့သီရတီအတွက်အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Zawgyi Version




Credit