Cele News

ယနေ့မှာပဲကွယ်လွန်သွားပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်မင်သားကြီးဦးအရိုင်းမင်း

ယနေ့မှာပဲကွယ်လွန်သွားပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်မင်သားကြီးဦးအရိုင်းမင်း

ဦးအရိုင်းမင်းကတော့အားလုံးသိကြတဲ့အတိုင်းလူးကြမ်းနေရာတွေမှာတွေ့ရတတ်တဲ့အနုပညာရှင်သရုပ် ဆောင်တစ်ဦးဖြစ်ပါတယ်။ဦးအရိုင်းမင်းကအခုဆိုအသက်(၆၃)နှစ်ရှိနေပါပြီ၊အနုပညာသက်တမ်းဆိုလဲ(၄၀)ကျော်လောက်ရှိနေပြီလို့သိရပါတယ်။

ဇာတ်ကားတွေမှာလဲကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ် ဆောင်ခဲ့သူတစ်ယောက်ပါ၊ယနေ့မှာပဲစိတ်မကောင်းစရာသူ့ရဲ့သတင်းတစ်ခုကိုကြားသိလိုက်ရပါတယ်၊ကိုဗစ်ရောဂါကြောင့်အောက်စီဂျင်ပြတ်ပြီးကွယ်လွန်သွားပြီဆိုတဲ့သတင်းပါ။

မြန်မာ့ရိုးရာလက်ဝှေ့သမားဘဝကနေ အနု ပညာလောကကိုဝင်ရောက်ခဲ့တဲ့ရုပ်ရှင်နဲ့ ဗီဒီယို သရုပ် ဆောင်အရိုင်းမင်းဟာ ယနေ့၊ ဇူလိုင်လ ၂၃ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်ခန့်ကသန်လျင်မြို့ရှိ နေအိမ်မှာ အောက်ဆီဂျင်ကျပြီးကွယ်လွန်သွားကြောင်းသိရပါတယ်။နောက်ထပ်အနုပညာကြယ်တစ်ပွင့်ထပ်ကြွေခဲ့ရပြန်ပါပြီ၊မိသားစုနဲ့အတူထပ်တူဝမ်းနည်းရပါတယ်။

Zawgyi




Credit