Cele News

ယနေ့မှာ(5)years Anniversaryပြည့်သွားတဲ့ မေဦးတို့မောင်နှံ

ယနေ့မှာ(5)years Anniversaryပြည့်သွားတဲ့ မေဦးတို့မောင်နှံ

မေဦးကတော့မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။နာမည်ကြီးမင်းသမီးများစွာကိုမိတ်ကပ်ပြင်ပေးရတဲ့အောင်မြင်နေသူတစ်ယောက်ပါ။သူ့မှာအရမ်းချစ်ရတဲ့ချစ်သူလေးလဲရှိပါတယ်၊ဟန်လင်းဆိုတဲ့တစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ကဘာပဲလုပ်လုပ်အမြဲနှစ်ကိုယ်တူတွေ့ရစမြဲဖြစ်တယ်။လိုက် ဖက်ညီတဲ့ချစ်သူအတွဲပါပဲ။

မေဦးတို့ကပြည်သူတွေနဲ့အတူတော်လှန်ရေးတွေမှာပါဝင်လှုပ်ရှားခဲ့ကြတဲ့သူတွေပါ၊အဲကြောင့်စစ်ကောင်စီရဲ့(၅၀၅)ကနဲ့ထွက်ပြေးတိမ်းရှောင်နေရလို့ခုသူတို့ကလွတ်မြောက်နယ်မြေမှာရောက်ရှိနေကြတာပဲဖြစ်ပါတယ်၊ယနေ့လေးကသူတို့ရဲ့(5)နှစ်ပြည့်တဲ့ချစ်သူအထိမ်းအမှတ်လေးတစ်နေ့ဖြစ်ပါတယ်။

“ပျော်ရွှင်စရာလေးတွေနဲ့အရာရာကိုလက်လွှတ်လိုက်ရပြီး အခုလိုခက်ခဲနေတဲ့အခြေအနေကိုရင်ဆိုင်ကျော်ဖြတ်နေချိန်မှာပဲ ၅ နှစ်တိတိပြည့်ခဲ့ရပြန်ပြီချစ်သူရေဘာပဲဖြစ်ဖြစ်ချစ်တို့နှစ်ယောက် ပျော်ရွှင်လည်းအတူတူရှိခဲ့တယ်ငိုရလည်းအတူတူရှိခဲ့တယ်အခုလိုအခက်ခဲတွေကိုရင်ဆိုကျော်ဖြတ်ချိန်မှာတောင်တူတူရှိနေရလို့ ပိုပြီးခိုင်မြဲစေတဲ့အမှတ်တရအပြည့်နဲ့ 5years anniversary လေးဖြစ်ခဲ့ရပြီနော်။5နှစ်ပြည့်အမှတ်တရနေ့လေးမှာဖြစ်ပေါ်လာတဲ့ဆန္ဒလေးကတော့အေးချမ်းပြီးပျော်ရွှင်စွာနေခဲ့ရတဲ့မေဦးတို့အိမ်လေးကိုအရမ်းပြန်ချင်တယ်”ဆိုပြီးအခက်ခဲတွေအတူဖျက်ကျော်ကြပြီးအိမ်ပြန်ချင်တယ်လို့စိတ်မကောင်းစွာရင်ဖွင့်လာခဲ့တဲ့မေဦးရဲ့စာလေးကိုတစ်ဆင့်မျှဝေပေးလိုက်ရပါတယ်နော်။

Zawgyi




Credit