Cele News

အောက်စီဂျင်လိုအပ်နေတဲ့ပြည်သူတွေဆီ အောက်စီဂျင်အိုးတွေကိုယ်တိုင်ထမ်းပြီး သွားပို့ပေးခဲ့တဲ့ အိစိကွေး

အောက်စီဂျင်လိုအပ်နေတဲ့ပြည်သူတွေဆီအောက်စီဂျင်အိုးတွေကိုယ်တိုင်ထမ်းပြီးသွားပို့ပေးခဲ့တဲ့အိစိကွေး

သရုပ်ဆောင်အိစိကွေးကတော့ကလေးသရုပ်ဆောင်အဖြစ်အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုရရှိခဲ့တာဘဲဖြစ်ပါတယ်။သရုပ်ဆောင်အိစိကွေးကဇာတ်ကားပေါင်းများစွာမှာလည်းပါဝင်သရုပ်ဆောင်ခဲ့သလိုကိုယ်ပိုင်သီချင်းကောင်းတွေလည်းသီဆိုပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သရုပ်ဆောင်အိစိကွေးကလူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးလမ်းပေါ်ထိထွက်ကာဆန္ဒပြခဲ့ကြတာဘဲဖြစ်ပါတယ်။ဒါအပြင်အိစိကွေးကအလှူအတန်းရက်ရောပြီးပရဟိတအလုပ်တွေလည်းဆက်တိုက်လုပ်ကိုင်နေသူတစ်ယော​က်ပါ။ဒီနေ့မှာတော့လတ်တလောပြည်သူတွေလိုအပ်နေတဲ့အောက်စီဂျင်အိုးတွေကိုလိုအပ်နေတဲ့သူတွေဆီသွားရောက်ပို့ဆောင်ခဲ့တာဘဲဖြစ်ပါတယ်။

အိစိကွေးကအမှတ်တရတွေအများကြီးနဲ့နေ့ပါပဲ
O2 လာရှူပါပြောထားပေမယ့်လိုအပ်တော့လည်းကိုယ်တိုင်သယ်ပြီးသွားပို့ဖြစ်တာပါပဲကယ်လိုက်ရတဲ့အသက်တစ်ခုရှိသလိုမိနစ်ပိုင်းနောက်ကျသွားလို့လက်လွှတ်လိုက်ရတဲ့အသက်လည်းရှိတယ်ကယ်လိုက်ရလို့ပျော်ရတဲ့အပျော်ရှိသလိုမကယ်နိုင်ခဲ့လို့အရုပ်ကြိုးပြတ်ဖြစ်သွားရတဲ့အချိန်လည်းရှိခဲ့တယ်ပြီးတော့လည်း O2 refill လည်းကိုယ်တိုင်ပဲည၁၀နာရီမှအိမ်အတွက်အိုးဖြည့်ပြီးပြန်ရောက်တော့တယ်ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါဘေးကနေတောက်လျှောက်လိုက်ကူညီပေးတဲ့သူကိုလည်းကျေးဇူးအထူးပါဗျာဆိုပြီးရေးသားပြောပြထားတာဖြစ်ပါတယ်။

Zawgyi Version




Credit