Cele News

နေမကောင်းဖြစ်နေတဲ့လူနာတွေအတွက် ခံတွင်းတွေ့စေမယ့် ငပိရည်ကျိုနဲ့တို့စရာအစုံကုသိုလ်ပြုလိုက်တဲ့ ဘေဘီမောင်

နေမကောင်းဖြစ်နေတဲ့လူနာတွေအတွက် ခံတွင်းတွေ့စေမယ့်ငပိရည်ကျိုနဲ့တို့စရာအစုံကုသိုလ်ပြုလိုက်တဲ့ ဘေဘီမောင်

ဘေဘီမောင်ကတော့မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။သူမကအလှူအတန်းတွေကိုအမြဲမပျက်လှူဒါန်းနေတာပါ၊ခုကပ်ရောဂါကိုဗစ်ကြောင့်လူ့အသက်ပေါင်းများစွာဆုံးရှုံးနေရပါတယ်။ရောဂါ ကူးဆက်ခံရတဲ့သူထဲမှာလဲဘေဘီမောင်ကလဲတစ်ယောက်အပါဝင်ပါပဲ။

သူမအခုဆိုလူကောင်းတဟ်ယောက်အတိုင်းသက်သာနေပါပြီ၊ဒါပေမယ့်သူနေမကောင်းတုန်းက သေမလိုလိုပါပဲအတော်လေးခံစားခဲ့ရကြောင်းကိုပြောပြထားပါတယ်။သူ့အဲရောဂါကိုဘယ်လိုကျော်ဖြတ်လာရတယ်ဘယ်လိုအစားအသောက်တွေစားတယ် ဆိုတာတွေကိုဝေမျှရင်းအဓိကတစ်ခုကစိတ်ဓာတ်မကျဖို့ပါပဲဆိုပြီးလဲသူ့ပရိတ်သတ်တွေကိုဝေမျှထားပါတယ်။

သူမကခုနေမကောင်းနေကြတဲ့ပြည်သူတွေကိုကိုယ်ချင်းစာပြီးအစာအဟာတွေကိုတတ်နိုင်သလောက်လှူဒါန်းပေးနေတာတွေ့ရပါတယ်။ခုလဲတကယ်ကိုသရေကျချင်စရာမြန်မာအစားအစာငပိရည်ကျိုနဲ့တို့စရာအစုံကိုအလှူဒါနပြုနေပါတယ်။ခံတွေးတွေ့မှာတော့အမှန်ပါပဲ၊မြင်ရတာတင်သရေကျနေလို့ပါ။ဘေဘီမောင်ရဲ့မွန်မြတ်တဲ့အလှူလေးကိုသာဓုခေါ်လို့ရအောင်တစ်ဆင့်မျှဝေပေးလိုက်ရပါတယ်နော်။

Zawgyi




Credit