Cele News

ရေဝေးမှာ အသုဘချမီးသဂြိုလ်ဖို့ ကူညီပေးနေတဲ့ သူတွေအတွက်အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး

ရေဝေးမှာအသုဘချမီးသဂြိုလ်ဖို့ကူညီပေးနေတဲ့သူတွေအတွက်အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေး

သရုပ်ဆောင်မင်းသားချောပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေးဖြစ်တဲ့ဇင်သဲနိုင်ကတော့အလှူအတန်းရက်ရောပြီးလိုအပ်တဲ့နေရာတွေကိုတတ်နိုင်သလောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ဇင်သဲနိုင်ကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့အစားအသောက်လုပ်ငန်းကနေရရှိလာတဲ့အကျိုးအမြတ်တွေနဲ့ဒီနေ့လှူဒါန်းတဲ့အာဟာရဒါနအလှူလေးကိုပြုလုပ်ခဲ့တာပါတဲ့။

ဇင်သဲနိုင်ကတော့အခုကိုကာလကြီးမှာကွယ်လွန်သွားတဲ့သူများစွာရှိတာကြောင့်သူတို့ရဲ့နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်တဲ့သူတွေနဲ့ကူညီပေးတဲ့ပရဟိတသမားတွေအတွက်ကြက်ဥပူတင်းBlueberry Custard Ban နဲ့ Royal Dတို့ကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။အခြေနေတွေကြောင့်ထမင်းတောင်စားမဝင်တဲ့သူတို့အတွက်အာဟာရလည်းပြည့်ပြီးအလွယ်တကူလည်းစားလို့ရအောင်အခုလိုစီစဉ်လှူဒါန်းပေးခဲ့တာပါတဲ့။

အခုလိုတကယ်လိုအပ်နေတဲ့သူတွေကိုသွားရောက်ကူညီလှူဒါန်းပေးတဲ့ပိုင်ဇေရဲထွန်းရဲ့ဇနီးချောဇင်သဲနိုင်ရဲမွန်မြတ်တဲ့အလှူလေးကိုသာဓုခေါ်ပေးပါဦးနော်။ဖတ်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်။

Zawgyi Version




Credit