Cele News

အဘိုးအဘွားတွေ အာဟာရဖြစ်စေရန်အတွက် ကြက်ပေါင်းတွေ လှူဒါန်းပေးနေတဲ့ ဆောင်းယွန်းစံ

အဘိုးအဘွားတွေအာဟာရဖြစ်စေရန်အတွက်ကြက်ပေါင်းတွေလှူဒါန်းပေးနေတဲ့ဆောင်းယွန်းစံ

မင်းသမီးချောလေးဆောင်းယွန်းစံကတော့ဟန်ဆောင်မှုကင်းပြီးအပြုံးလေးတွေကချစ်ဖို့ကောင်းတာကြောင့်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုအပြည့်အဝရရှိနေတာလည်းဖြစ်ပါတယ်။ဆောင်းယွန်းစံကတော့အလှူအတန်းလည်းရက်ရောပြီးလိုအပ်တဲ့နေရာတွေကို တတ်အားသလောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

ဒါအပြင်ဆောင်းယွန်းစံကစစ်ဘေးရှောင်ပြည်သူတွေအတွက်လည်းချစ်ရတဲ့အသိမိတ်ဆွေတွေနဲ့ပေါင်းကာတတ်နိုင်သလောက်လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဆောင်းယွန်းစံကသက်ကြီးရွယ်အိုတွေအာဟာရပြည့်ဝစေရန်ရည်ရွယ်ပြီးကြက်ပေါင်းများကိုလှူဒါန်းခဲ့ပြန်ပါတယ်။

အလှူလက်ခံရရှိတဲ့ပုံလေးတွေကိုလည်းပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်းဆောင်းယွန်းရဲ့အလှူလေးကို သာဓုခေါ်နိုင်စေရန်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။

Zawgyi Version




Credit