Cele News

ထီထိုးမယ့်သူမရှိပေမယ့် ထီတွေရောင်းနေတဲ့ နွမ်းပါးတဲ့အဘိုးကို တတ်နိုင်သလောက်လှုဒါန်းခဲ့တဲ့ အောင်လေး

ထီထိုးမယ့်သူမရှိပေမယ့်ထီတွေရောင်းနေတဲ့နွမ်းပါးတဲ့အဘိုးကို တတ်နိုင်သလောက်လှုဒါန်းခဲ့တဲ့အောင်လေး

သရုပ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့အောင်လေးကတော့ဗီဒီယိုဇာတ်ကားတွေနဲ့သီချင်းMTVတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သရုပ်ဆောင်အောင်လေးကတော့လူထုတော်လှန်ရေးကြီးမှာလည်း တတ်တတ်ကြွကြွပါဝင်ခဲ့ပြီးပြည်သူတွေနဲ့အမှန်တရားဘက်ကရပ်တည်ပေးခဲတာလည်းဖြစ်ပါတယ်။

ဒါအပြင်သရုပ်ဆောင်အောင်လေးကအလှူအတန်းလည်းရက်ရောပြီး လိုအပ်တဲ့သူတွေကိုတတ်နိုင်သလောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ဒါအပြင်အောင်လေးကကိုယ်တိုင်ချက်ကြက်ပေါင်းတွေရောင်းပြီးအမြတ်ငွေကိုကိုဗစ်လူနာတွေအတွက်ထမင်းဗူးတွေလှုဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့အောင်လေးကလမ်းဘေးမှာထီရောင်းနေတဲ့ထီသည် အဘကိုတတ်နိုင်သလောက်လှူဒါန်းဖြစ်ခဲ့ပုံကိုအခုလိုပြောပြလာပါတယ်။ခုချိန်ထီထိုးမယ့်သူမှမရှိတာအဘရယ်။ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သက်ကြီးရွယ်အိုများကိုတွေ့တဲ့အခါတက်နိုင်သလောက်ဖေးမကူညီကြရအောင်ခင်ဗျာ(ထီမထိုးခဲ့ပါဒီတိုင်းလှုခဲ့တာပါ)ကျားကွက်သစ်လမ်းမကြီးMAB bankရှေ့နားမှာတွေ့ခဲ့တာပါခင်ဗျာအဲနားမှာတော့အမြဲရှိလောက်မယ်ထင်ပါတယ်ဆိုပြီးသူလူမှုကွန်ရက်စာမျက်နှာမှာပြောပြလာပါတယ်။

Zawgyi Version




Credit