ဇူလိုင်(26)ရက်နေ့မှာ ကွယ်လွန်သွားတဲ့ အလှမယ်ထားထက်ထက်ရဲ့ဖခင်
ထားထက်ထက်သူမကတကယ်ကိုလေးစားစရာအလှမယ်တစ်ဦးပါ။မိသားစုတွေနဲ့ဝေးရာကိုသွားပြီးပြည်သူတွေအတွက်ပေးဆပ်နေခဲ့ပါတယ်။ကိုယ်ကျိုးကိုမကြည့်တဲ့သူမကိုကံကြမ္မာကရက်စက်လွန်းခဲ့ပါပြီ။သူမအတွက်အရာရာအားလုံးဖြစ်တဲ့၊ချစ်ခင်ရတဲ့ ဖခင်ဖြစ်သူကို ဇူလိုင်(26)ရက်နေ့မှာအသက်ဆုံးရှုံးလိုက်ရတယ်လို့သိရပါတယ်။
ထားထက်ထက်မှာအတော်လေးယူကြုံးမရစွာခံစားနေရပါတယ်။”ဖေဖေကသမီးပြန်လာတာကိုမစောင့်ပဲသမီးကိုထားခဲ့တယ်။ သမီးရဲ့ကမ္ဘာကြီးတခုလုံးသမီးရဲ့အရာရာဖေဖေ့ကို အဆက်အသွယ်မလုပ်တာ၄လရှိပြီ။ဖေဖေနဲ့စကားမပြောရတာ ၄လရှိပြီ။ဖေဖေ့မျက်နှာမမြင်ရတာ၄လရှိပြီ။ဖေ့သမီးလေးအတွက်ဂုဏ်ယူနေပေမယ့်တောထဲမှာအနေအစားဆင်းရဲပင်ပန်းတာကိုနှမြောပြီးစိတ်မကောင်းဖြစ်နေတယ်ပြောတယ်ဆို။
သမီးကမီးမရှိအင်တာနက်မရတဲ့နေရာမှာဖြစ်နေလို့ရတဲ့နေရာမှာသွားသုံးရတာလေဒီနေ့မနက်ပိုင်းအင်တာနက်ရတဲ့နေရာမသွားဖြစ်သေးပဲညနေပိုင်းမှသွားပြီးအေးဆေးvideocall ခေါ်မယ် စကားတွေပြောမလို့လုပ်နေတာလေအဲ့ဒါကိုနေ့လည်ပိုင်းမှာ ဘာလို့ထွက်သွားရတာလဲဖေရယ်။ဘာလို့ဒီနေ့မှလဲဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာကသမီးအပေါ်သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီးကျန်းကျန်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေဘာလို့မစောင့်ပဲသမီးကိုဒီတိုင်းထားခဲ့ရတာလဲ။”ရက်စက်ရာကျလွန်းပါတယ်ကံကြမ္မာရယ်၊အားတင်းထားပါအမရယ်၊စာဖတ်ရင်းနဲ့ကိုမခံစားနိုင်ဘူး၊ဦးလေးကောင်းရာဘုံဘဝသို့ရရှိပါစေ။
Zawgyi
Credit