Cele News
အဆိုတော်အောင်လ ဗုံးပေါက်ကွဲပြီး ဒဏ်ရာရတယ်ဆိုတဲ့ သတင်းမှားနဲ့ပတ်သတ်ပြီး ပြန်ရှင်းပြလာတဲ့ ဝိုင်းစု
အဆိုတော်အောင်လဗုံးပေါက်ကွဲပြီးဒဏ်ရာရတယ်ဆိုတဲ့ သတင်းမှားနဲ့ပတ်သတ်ပြီးပြန်ရှင်းပြလာတဲ့ဝိုင်းစု
သီချင်းကောင်းတွေကိုပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့အောင်လကတော့ကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိထားပြီးအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။အဆိုတော်အောင်လကလူထုတော်လှန်ရေးကြီးမှာလည်းတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးလမ်းမပေါ်ထိထွက်ကာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့အဆိုတော်အောင်လနဲ့ပတ်သတ်ပြီးသတင်းမှားတခုပြန့်လာတာဘဲဖြစ်ပါတယ်။အဲဒါကတော့အဆိုတော်အောင်လဗုံးစမ်းသပ်ရာမှာပေါက်ကွဲပြီးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လူမှုကွန်ရက်မှာပြန်နှံ့လာတာဘဲဖြစ်ပါတယ်။အဲဒီသတင်းမှားနဲ့ပတ်သတ်ပြီး အောင်လရဲ့ချစ်သူဝိုင်းစုခိုင်သိမ်းကအခုလိုရှင်းပြလာပါတယ်။
ဝိုင်းစုကကိုအောင်လဘာမှမဖြစ်ပါဘူးCovid ဖြစ်နေတာကလွဲရင်အကောင်းကြီးပါဗုံးလဲမပေါက်ပါဘူး။covid ဖြစ်လို့ရောမဖြစ်ခင်တည်းကအပြင်ကိုမထွက်ဖြစ်တာဗုံးပေါက်ရင်လည်းတစ်ရပ်ကွက်လုံးသိမှာလိမ်လို့ရတဲ့အရာလည်းမဟုတ်ဘူးသေချာရေရာမသိပဲတင်ချင်ရာတွေခေါင်းစဉ်တပ်ပြီးလျှောက်မတင်ကြပါနဲ့တော့လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါPleaseဆိုပြီးသတင်းအမှားတွေမဖြန့်ကြဖို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရှင်းလင်းဖော်ပြထားပါတယ်။
Zawgyi Version
Credit