Cele News
ရှေ့တန်းတိုက်စစ်မှူးပရဟိတသူရဲကောင်းများအတွက် တတ်နိုင်တဲ့ဘက်ကအလှူဒါနပါဝင်ခဲ့တယ်ဆိုတဲ့ နန်းခင်းဇေယျာ
ရှေ့တန်းတိုက်စစ်မှူးပရဟိတသူရဲကောင်းများအတွက် တတ်နိုင်တဲ့ဘက်ကအလှူဒါနပါဝင်ခဲ့တယ်ဆိုတဲ့ နန်းခင်းဇေယျာ
နန်းခင်းဇေယျာကတော့အောင်မြင်နေတဲ့အလှမယ်မော်ဒယ်တစ်ဦးဖြစ်ပါတယ်နော်။သူမကမြန်မာနိုင်ငံရဲ့မော်ဒယ်တစ်ယောက်အဖြစ်တစ်ခြားသောနိုင်ငံမှာပြိုင်ပွဲဝင်ခဲ့တာပဲဖစ်ပါတယ်။ဆုတံဆိပ်တွေလဲရရှိခဲ့သူပါ၊မြန်မာ့ဂုဏ်ဆောင်အလှမယ်တစ်ဦးပေါ့။
ဟိုတလောကသူမရဲ့အချစ်ရေးကိစ္စကိုချစ်ကတဲ့ပရိတ်သတ်တွေအတွက်နည်းနည်းလေးအသိပေးလာပါတယ်။ဘယ်သူလဲတော့သေချာပြောမထားသေးပါဘူးနော်။နန်းခင်ကတော်လှန်ရေးကာလတွေမှာလဲပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ အလှမယ်တစ်ဦးဖြစ်ပါတယ်။ကိုယ်တိုင်တတ်ကြွစွာပါဝင်ဆန္ဒထုတ်ဖော်ခဲ့တာပါ။
နန်းခင်ကအလှူအတန်းတွေမှာလဲရက်ရောတဲ့သူတစ်ယောက်ပါ၊ဟိုတလောလေးကသူမရဲ့ပီတိဖြစ်စရာအလှူတစ်ချို့ကိုသူ့ပရိတ်တွေအတွက်မျှဝေလာခဲ့ပါတယ်။”COVIDကပ်ရောဂါဆိုးကာလကြီးမှာရှေ့တန်းမှာတိုက်စစ်မှူးများပီပီမိမိရဲ့အသက်ကိုပင်မငဲ့ကွက်ပဲစေတနာအရင်းခံဖြင့်ကူညီဆောင်ရွက်နေတဲ့ပရဟိတအသင်းများကိုနန်းခင်တတ်နိုင်တဲ့ဘက်မှပါရမီဖြည့်ခွင့်လေးရခဲ့ပါတယ်။နောက်အခေါက်အလှူများမှာလည်းဒီထက်မကပိုလှူနိုင်အောင်ကြိုးစားသွားပါမယ်ရှင့်။မြန်မာပြည်သူပြည်သားများအားလုံးလက်ရှိရင်ဆိုင်ကြုံတွေ့နေရသောဘေးဒုက္ခ၊ကပ်ရောဂါ အပေါင်းမှအမြန်ဆုံးကင်းဝေးကြပါစေ”ဆိုပြီးသူမရဲ့လူမှူ့စာ မျက်နှာမှာပြုခဲ့တဲ့အလှူဒါနလေးကိုမျှဝေထားပါတယ်။နန်းခင်ရဲ့ကုသိုလ်လေးအတွက်သာဓုခေါ်ပေးသွားကြပါဦး။
Zawgyi
Credit