ဇာတ်ပို့သရုပ်ဆောင်ကျော်စိုးကွယ်လွန်ပြီလို့သတင်းမှားတင်ခဲ့တဲ့ဦးဝင်းမြိုင်ကိုဒဲ့ပြန်ပြောလိုက်တဲ့ဆင်မ
ပရိသတ်တွေကိုရီမော်ပျော်ရွှင်အောင်လုပ်နိုင်တဲ့ဇာတ်ပို့သရုပ်ဆောင်ကျော်စိုးကတော့လတ်တလောကနေမကောင်းဖြစ်ပြီးဆေးရုံတင်ထားရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဇာတ်ပို့သရုပ်ဆောင်ကျော်စိုးကွယ်လွန်သွားပြီလို့ ဦးဝင်းမြိိုင်ကသူရဲ့ဖေ့ဘုတ်စ်မှာအခုလိုပြောပြလာပါတယ်။ဦးဝင်းမြိုင်ကတတိယလှိုင်းမလာခင်ကတည်းကနေမကောင်းဖြစ်တာပါ၊
ပတ်ဝန်းကျင်ကိုအမြဲပျော်ရွှင်စေတဲ့သူပါ၊ညီလေးကျော်စိုးသွားနှင့်ပေဦး၊ကောင်းရာသုဂတိလားပါစေဆိုပြီးဖေ့ဘုတ်စ်မှာတင်လာတာဘဲဖြစ်ပါတယ်။ဒါအပြင်နေဒွေးကလည်း RIPပါကိုကျော်စိုးရေ၊ဗီဒီယိုတခေတ်လက်တွဲခဲ့တဲ့ကားတွေသိတရနေမှာပါ။ဟာသတွေနဲ့ဇာတ်ပို့ပေးခဲ့လို့လည်းကျေးဇူးတင်ပါတယ်ဆိုပြီးလူမှုကွန်ရက်မှာ မျှဝေလာတာပါ။
သိုပေမယ့်ဇာတ်ပို့သရုပ်ဆောင်ကျော်စိုးကွယ်လွန်သည်မှာမဟုတ်ဘဲ အပြင်းဖျားတာသာဖြစ်ကြောင်းသရုပ်ဆောင်ဆင်မကအခုလိုရှင်းပြလာပါတယ်။သို့မောင်ဝင်းမြိုင်ရေသတင်းတစ်ခုကိုတင်မယ်ဆို သေချာစွာစုံစမ်းလေ့လာပီးမှတင်ပါ။ကျူပ်ကိုယ်တိုင်ဆက်သွယ်ပြီးပါပြီအပြင်းဖျားနေတာပါလဖွတ်လိုပဲ၊စေတနာရှင်ပြည်သူများကျော်စိုးအတွက်(အခုအချိန်မှာလိုအပ်နေမှာပါ)ကူညီချင်တယ်ဆိုရင်သူညီမကိုငွေလွှဲကူညီလို့ရပါတယ်ခင်ဗျာရိုင်းသွားရင်ဆိုပြီးပြန်ရှင်းပြထားတာဘဲဖြစ်ပါတယ်။
Zawgyi Version
Credit