Cele News

တကယ်လိုအပ်နေတဲ့ပြည်သူတွေဆီ ဆန်နဲ့လိုအပ်တာတွေ လှူဒါန်းပေးခဲ့တဲ့ အဆိုတော်ချယ်ရီသင်း

တကယ်လိုအပ်နေတဲ့ပြည်သူတွေဆီဆန်နဲ့လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့အဆိုတော်ချယ်ရီသင်း

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ချယ်ရီသင်းကတော့သီချင်းကောင်းလေးတွေကိုအသံချိုချိုလေးနဲ့သီဆိုနိုင်သူတစ်ယောက်ပါ။ချယ်ရီသင်းကတော့ကိုယ်ပိုင်အမ်ဘမ်တွေလည်းထွက်ရှိထားပြီးအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင်ချယ်ရီသင်းကလူထုလှုပ်ရှားမှုကြီးမှာလည်းပါဝင်ခဲ့ပြီးအမှန်တရားဘက်ကပြည်သူတွေနဲအတူရပ်တည်ပေးခဲတာလည်းဖြစ်ပါတယ်။

ချယ်ရီသင်းက​တော့အလှူအတန်းလည်းရက်ရောပြီးလှူအပ်တဲ့နေရာတွေကိုကိုယ်တိုင်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ချယ်ရီသင်းကပရိသတ်တွေနဲ့စုပေါင်းပြီးအလှူလေးပြုလုပ်ပေးခဲ့တာကိုအခုလိုပြောပြလာပါတယ်။

ချယ်ရီသင်းကဒီနေ့အလှူဟိုရက်ကရပ်ဝေးရပ်နီးကပရိတ်သတ်တွေလှူထားတဲ့အလှူငွေနဲ့ချယ်က၁သိန်းခွဲထပ်ပေါင်းပြီးဆန်၂၄၀ပြည်ကြက်သွန်အာလူးခရမ်းချဉ်သီးအချိန်၄၃၀လှူဒါန်းခဲ့ပါတယ်။အရမ်းပီတိဖြစ်ရပါတယ်။ဒီလိုမျိူးတွေအများကြီးထပ်လှူချင်ပါတယ်။​ရွာကအသစ်တည်ထားလို့ဘာလှူလှူအဆင်ပြေပါတယ်။နေရာကတော့မိုင်၂၀-၅ဖါလုံမင်းကုန်းနတ်စင်အေးကွက်သစ်ဖြစ်ပါတယ်ဆိုပြီးပြောပြလာပါတယ်။

Zawgyi Version




Credit