ရေကြီးနေသောဒေသအတွက်အလှူငွေ(၆၂)သိန်းနဲ့(၅)သောင်းကုန်ကျခံပြီးအသက်ကယ်လှေများလှူဒါန်းမယ့် ခိုင်နှင်းဝေ
သားသမီးလေးများရဲ့မေမေခိုင်နှင်းဝေကတော့ သဒ္ဒါတရားထက်သန်သူတစ်ယောက်ပါ။သားသမီးလေးများအတွက် လိုအပ်တာကိုဖြည့်ဆီးပေးနေသလိုတစ်ဖက်ကပရဟိတလုပ်ငန်းတွေကိုလဲကြိုးပ မ်းဆောင်ရွက်ပေးနေသူပါ။ခိုင်နှင်းဝေကတော့တကယ်ကိုလေးစားစရာအမျိုးသမီးတစ်ယောက်ပါ။သားတွေသမီးတွေပျော်နေတာတွေ့ရင်ကိုပီတိဖြစ်နေရတဲ့သူပါ။
ခိုင်နှင်းဝေကအနုပညာလောကမှာလဲဝါရင့်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ယနေ့အချိန်ထိလဲသူမဝါသနာပါတဲ့အနုပညာအလုပ်တွေကို အားရင်အားသလိုလုပ်ကိုင်နေဆဲပါပဲနော်။ယခုကာလာ အခက်ခဲတွေမပြေလည်မှု့တွေများလာတဲ့ပြည်သူတွေအတွက် သူမကတကယ့်လူစွမ်းကောင်းတစ်ယောက်လိုပါပဲအရေးပေါ်အတွက်အောက်စီဂျင်တွေကို ကြိုးစားပန်းစားရှာဖွေလှူဒါန်းပေးခဲ့တာပါ။ခုချိန်ကပ်ရောဂါအ ပြင်ရေကြီးတဲ့သဘာဝဘေးပါကျရောက်လာလို့ တစ်ချို့ဒေသတွင်ရေတွေကြီးပြီးဒုက္ခရောက်နေကြတာပဲဖြစ်ပါတယ်။
သူမကဒီတစ်ခေါက်လဲရေကြီးဒေသများအတွက်အသက်ကယ် လှေများကိုလှူဒါန်းပေးထားတာတွေ့ရပါတယ်၊”လိုအပ်နေသော ရေကြီးနေတဲ့နေရာများအတွက်အသက်ကယ်လှေလေးတွေလှူဖြစ်ပါတယ်ရှင်ပထမစျေးနှုန်းချိုတာလေးတွေလှူမယ်ဆိုပေမဲ့ တကယ်အသုံးတဲ့ပြီးရေရှည်အတွက်အဆင်ပြေစေမဲ့လှေမျိုးပဲ လှူဖြစ်ပါတယ်စျေးနှူန်းများမှာမော်တော်တစ်စီးလျှင်သိန်း (၅၀)၊လှေတစီးလျှင်(၁၂)သိန်း(၅) သောင်းပါရှင်လောလောဆယ်မော်တော် (၅)စီးကိုလိုအပ်နေသောနေရာများသို့အရင်လှူပေးပါမယ်ခုနှစ်ရက်သားသမီးအားလုံးရဲ့စုပေါင်းအလှူဒါနလေးလဲ ဖြစ်ပါတယ်ရှင်”ဆိုပြီးသူမရဲ့လူမှု့စာမျက်နှာမှာအလှူလေးကိုမျှဝေပေးထားပါတယ်နော်။
Zawgyi
Credit