ကိုဗစ်လူနာတွေအာဟာရဖြစ်ဖို့အတွက်ထမင်းဗူးတွေလှုဒါန်းပေးခဲ့တဲ့ကိုရီးယားမင်းသားချောလီဆိုဟို
လတ်တလောဖြစ်ပေါ်နေတဲ့လူထုတော်လှန်ရေးကြီးမှာမြန်မာပြည်သူတွေသာမကကိုရီးယားနိုင်ငံကအနုပညာရှင်တချို့ကလည်းပါဝင်အားဖြည့်ကူညီပေးနေတာလည်းဖြစ်ပါတယ်။ကိုရီးယားမင်းသားချောလီဆိုဟိုကတော့မြန်မာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့ပြီးဆန္ဒထုတ်ဖော်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့မင်းသားချောလီဆိုဟိုကကိုဗစ်လူနာတွေအတွက်ထမင်းဗူးတွေလှုဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။လတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့်အောက်စီဂျင်ပြတ်လပ်ပြီးလူအများသေဆုံးနေကြရတာလည်းဖြစ်ပါတယ်။
သူကဒီထမင်းဘူးဝေတာလေးကိုတွေ့ပြီးအရမ်းသဘောကျလို့ပါတဲ့၊မြန်မာနိုင်ငံအတွက်လှူဒါန်းပေးတာချစ်စရာကောင်းတဲ့စိတ်ဓာတ်ပါတကယ်ဝမ်းသာမိပါတယ်၊ဒီအလှူကိုသူဘယ်လိုသိလဲမသိဘူးသိအောင်ပြောပြပေးတဲ့သူအကုန်လုံးကျေးဇူးပါရှင်ဆိုပြီးတော့မေနွယ်ထွန်းရဲ့လူမှုကွန်ယက်မှာရေးသားဖော်ပြထားပါတယ်။
Zawgyi version
Credit