Cele News

အောက်စီဂျင်လိုအပ်နေပြီး အကြားအာရုံချို့တဲ့နေတဲ့အဖွားအိုအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စိန်ဖြိုးလိုင်နဲ့ရီရီပွင့်ဖြူ

အောက်စီဂျင်လိုအပ်နေပြီး အကြားအာရုံချို့တဲ့နေတဲ့အဖွားအိုအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စိန်ဖြိုးလိုင်နဲ့ရီရီပွင့်ဖြူ

ရီရီပွင့်ဖြူတို့ဇနီးမောင်နှံကတော့အတွဲညီတယ်လို့ဆိုရပါတယ်။ကိုစိန်ဖြိုးကတော့ဒေါက်တာတစ်ယောက်ပါ၊ဝါရင့်မင်းသမီးနန္ဒာလိုင်ရဲ့မောင်အရင်းပေါ့။သူတို့မိသားစုလေးကအမြဲအေးအေးချမ်းချမ်းနေလာခဲ့ကြတာပါ။သူတို့အတွဲကဘာပဲလုပ်လုပ်တစ်တွဲထဲမြင်ရတတ်ပြီး၊တစ်ယောက်ကိုတစ်ယောက် အမြဲစနေတတ်ကြလို့ ဟာသဉာဏ်ရွှင်တဲ့အတွဲလို့ပြောရပါမယ်။

ပျော်ပျော်နေတတ်ကြတဲ့မိသားစုလေးပါပဲ။ရီရီပွင့်ဖြူကတော့သူမရဲ့မိခင်က ကိုဗစ်ကူးဆက်ခံရလို့ အနီးကပ်ပြုစုစောင့်ရှောက်နေရတာပါ။ကိုစိန်ဖြိုးရဲ့သင်ပြမှု့တွေကြောင့်ကိုဗစ်ကသူ့ဆီကူးဆက်မလာကြောင်းလဲပြောထားပါသေးတယ်။ယခုလတ်တလောမှာကပ်ရောငါဆိုးကြောင့်လူတိုင်းဒုက္ခခံစားနေတာပဲဖစ်ပါတယ်။စိန်ဖြိုးနဲ့သူမကတတ်နိုင်သလော က်ပရဟိတတွေကိုအတူတကွလုပ်ကိုင်နေပါတယ်

အခုဆိုလဲတစ်အိမ်လုံးဖျားနာနေကြပြီးအရေးပေါ်အောက်စီဂျင်လိုအပ်နေတဲ့အဖွားအတွက်ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။”ပုံမှန်အားဖြင့်​​တော့အောက်စီဂျင်စက်ငှားတဲ့ခါ​ရှေ့လူနာဆီမှာ ​နောက်လူနာကသွားယူပြီးအလဲအလှယ်လုပ်ကြပါတယ်အခုလူနာက​တော့အလံအဝါ​ထောင်ထားပြီးတအိမ်လုံးမိန်းမသား​တွေကြီးပဲ အကုန်​နေမ​ကောင်းဖြစ်​နေကြတယ်တဲ့​အောက်ဆီဂျင်လို​နေတဲ့အဘွားကလည်းစကားလည်းမ​ပြောနိုင်သလိုအကြားအာရုံလည်းချို့ယွင်း​နေတာ​ကြောင့်ကိုယ်တိုင်ပဲသွားပို့​ပေးခဲ့ပါတယ်အဘွား​နေပြန်​ကောင်းပြီဆိုတဲ့သတင်း​လေးလည်းအမြန်ဆုံးကြားရပါ​စေ”ဆိုပြီးသူမရဲ့လူမှု့စာမျက်နှာတွေ့ရပါတယ်။

Zawgyi




Credit