Cele News

အချိန်တိုအတွင်းမှာဆွေမျိုးတွေတစ်ယောက်ပြီးတစ်ယောက်ဆုံးရှုံးလိုက်ရလို့ မခံစားနိုင်စွာပြောပြလာတဲ့ ချယ်ရီသင်း

အချိန်တိုအတွင်းမှာဆွေမျိုးတွေတစ်ယောက်ပြီးတစ်ယောက်ဆုံးရှုံးလိုက်ရလို့ မခံစားနိုင်စွာပြောပြလာတဲ့ ချယ်ရီသင်း

ချယ်ရီသင်းကတော့အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။သူမရဲ့သီချင်းတွေကလဲယနေ့ထိတိုင်လူကြိုက်များနေဆဲပါ။ချယ်ရီသင်းကတစ် ကိုယ်တည်းအပျိုကြီးပါနော်။ကိုယ်တ်နိုင်တဲ့အလှူတွေကိုကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတာပါ။

ချယ်ရီသင်းကပွင့်ပွင့်လင်းလင်းနေတတ်သူမို့ပရိတ်သတ်တွေကအချစ်ပိုခံနေရသူဆိုလဲဟုပါတယ်။ယခုတလောမှာကပ်ရောဂါဆိုးကြီးကြောင့်ခံစားနေရတဲ့ပြည်သူတစ်ချို့ဆီကိုလဲတတ်နိုင်တဲ့အလှူတွေကိုလှူဒါန်းပေးနေခဲ့တာပါ။ဟိုနေ့ကတော့ချယ်ရီသင်းအတွက်စိတ်မကောင်းစရာသတင်းတစ်ခုကြားသိရပါတယ်။ယခုဇူလိုင်လအတွင်းမှာပဲချစ်ရတဲ့ဆွေမျိုး(3)ယောက်လောက်ကိုဆုံးရှုံးလိုက်ရတယ်လို့ကြားသိရပါတယ်။

“ကိုဗစ်ကမာယာများတယ်July19တုန်းကအကိုဝမ်းကွဲကိုသန့်စင်ဆုံးတယ်July29မနေ့ကျကိုသန့်စင်ရဲ့အဖေဦးညီအေးဆုံးတယ်(သားအဖတွေ၁၀ရက်ပဲကွာတယ်)အခုJuly30အကိုဝမ်းကွဲကိုပိုက်အေးဆုံးတယ်ဒီအကိုဆိုအနီးကပ်ကိုချယ်ပြုစုပေးခဲ့တာနေ့လည်ခင်းကအထိအကောင်းဆုံးပြုစုပေးခဲ့တယ်အောက်ဆီဂျင်တောင်70နဲ့ 80ကြားထိရှိတယ်သက်သာပြီဆိုပြီးမနေ့တည်းကမအိပ်ရသေးလို့အိမ်ခနပြန်တာခနနေတော့ဆုံးပြီတဲ့သေခြင်းတရားရယ်နေ့မြင်နေ့ပျောက်ကြီးပါလား”ဆိုပြီးမခံစားနိုင်စွာရင်ဖွင့်လာခဲ့တာပါ၊သူ့ကိုအဖက်ဖက်ကကူညီပေးကြတဲ့သူတွေကိုလဲကျေးဇူးတင်ထားပါသေးတယ်။

Zawgyi




Credit