Cele News

.အောင်လအန်ဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်လပုံတူတတ်တူးကို ကျောပြင်အပြည့်ထိုးခဲ့တဲ့ ပရိသတ်တစ်ဦး

အောင်လအန်ဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်လပုံတူတတ်တူးကို ကျောပြင်အပြည့်ထိုးခဲ့တဲ့ ပရိသတ်တစ်ဦး

မြန်မာဂုဏ်ဆောင်MMAဖိုက်တာတစ်ယောက်ဖြစ်တဲ့အောင်လအန်ဆန်ကတော့နှစ်ပွဲဆက်ရှုံးပွဲကြုံထားပြီးချန်ပီယံခါးပတ်တွေကိုလည်းဆုံးရှုံးထားရတဲ့သူတစ်ယောက်ပါ။အောင်လနဲ့ထိုးသတ်မယ့် လီအန်ဒရိုအားတိုင်းဒီးစ်ဟာOne Championshipမစ်ဒယ်ဝိတ်တန်းရဲ့ထိပ်ပိုင်းဖိုက်တာတစ်ယောက်ဖြစ်ပြီးအောင်လနှစ်ပွဲဆက်ရှုံးနှိမ်ခဲ့တဲ့နယ်သာလန်နိုင်ငံသားဘစ်ဒက်ရှ်လိုဖိုက်တာမျိုးတွေတောင်အနိုင်ယူ ထားသူတစ်ယောက်ပါ။

အောင်လကအရင်ပွဲရှုံးနိမ့်ခဲ့လို့ခါးပတ်ပေးလိုက်ရပေမယ့်သူ့ကိုအားပေးတဲ့မြန်မာပရိတ်သတ်တွေကတော့လျော့မသွားခဲ့ပါဘူး။အောင်လကမြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်တစ်ခုလိုပါပဲ၊သူ့ရဲ့ပွဲကိုအားပေးဖို့အတွက်စောင့်နေကြတဲ့သူအများအပြားပါပဲ။သူ့ကြောင့်မြန်မာပြည်သူတွေစိတ်ခွန်အားဖြစ်စေတဲ့လူမျိုးပါ။

ပရိတ်သတ်တွေကသူ့ကိုဘယ်လောက်တောင်အားပေးကြသလဲဆိုသူ့ရဲ့ပုံကို ကိုယ်လုံးအပြည့်တတ်တူးထိုးတဲ့သူတစ်ယောက်ကထုတ်ပြလာခဲ့ပါတယ်။ယခုပွဲစဥ်မှာအောင်လကသူရဲ့ပြိုင်ပွဲဝင်ကို ပထမတစ်ချီထဲမှာပဲအပြတ်အသတ်အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။အောင်လရဲ့အောင်ပွဲအတွက်အောင်လရဲ့ပရိတ်သတ်တစ်ဦးကကျောပေါ်မှာအ​ပြည့်ထိုးထားတဲ့အောင်လ​ ရဲ့ပုံတတ်တူးကို ဂုဏ်ယူဝင့်ကြွားစွာပြန်လည်ထုတ်ဖော်ပြသခဲ့ပါတယ်။နိုင်ငံဂုဏ်ဆောင်အောင်လအတွက် ဂုဏ်ပြုပေးသွားကြပါဦး။

Zawgyi




Credit