ဒီနေ့မှာကွယ်လွန်သွားပြီဖြစ်တဲ့သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်ကြီး
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားချောပြေတီဦးကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီးသဘာဝကျတဲ့မင်းသားတစ်လက်ဘဲဖြစ်ပါတယ်။ပြေတီဦးကတော့အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပြီအောင်မြင်နေတဲ့သူတစ်ယောက်ဘဲဖြစ်ပါတယ်။ပြေတီဦးကတော့မင်းသမီးချောလေးအိန္ဒြာကျော်ဇင်နဲ့ရွှေလက်တွဲထားပြီးချစ်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပါသေးတယ်။
ပြေတီဦးကတော့လူထုလှုပ်ရှားမှုတွေမှာတတ်တတ်ကြွကြွပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့လို့ အဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိမှာပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ကအင်းစိန်ထောင်မှာရှိနေတာလည်းဖြစ်ပါတယ်။ပြေတီဦးရဲ့ဖခင်ဟာလတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်ကျလို့ပြေတီဦးရဲ့ညီမကဟိုတနေ့ကအကူအညီတောင်းခံထားပါသေးတယ်။ဒီနေ့မှာတော့ပြေတီဦးရဲ့ဖခင်ကြီး ကွယ်လွန်သွားကြောင်းကိုပြေတီဦးရဲ့ညီမဖြစ်သူကဝမ်းနည်းစွာပြောပြလာပါတယ်။
မလုပ်ပေးလိုက်ရဘူးဆိုတဲ့နောင်တစိုးစဉ်းမှမရှိစွာနဲ့သမီးတတ်နိုင်သမျှအစွမ်းကုန်လုပ်ပေးခဲ့ပါတယ်။ကံကြမ္မာကိုတော့ပြောင်းလဲမပေးနိုင်ဘူးပေါ့အဖေ၊အဖေကိုယ်တိုင်အကြိမ်ကြိမ်စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ကံကြမ္မာအတွက်အဖေလဲနောင်တကင်းစွာလက်ခံနိုင်မယ်ထင်ပါတယ်။သိလို့ဖြစ်စေမသိလို့ဖြစ်စေကာယကံဝစီကံ မနောကံနဲ့ပစ်မှားမိခဲ့ဖူးတဲ့အပစ်တိုင်းအတွက်ထိခြင်းငါးပါးနဲ့ကန်တော့လိုက်ပါတယ်။ငြိမ်းချမ်းစွာအနားယူပါတော့ဆိုပြီးပြေတီဦးရဲ့ညီမဖြစ်သူကဝမ်းနည်းစွာမျှဝေထားတာဘဲဖြစ်ပါတယ်။
Zawgyi Version
Credit