Cele News

ပြေတီဦးတို့ဇနီးမောင်နှံ အကြောင်းကိုပြောပြလာတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တစ်ဦး

ပြေတီဦးတို့ဇနီးမောင်နှံအကြောင်းကိုပြောပြလာတဲ့ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တစ်ဦး

သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ကတော့တော်လှန်ရေးကြီးမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ကာဖမ်းဆီးထိန်းသိမ်းထားခြင်းခံနေရပါတယ်၊သူတို့၂ယောက်လုံးအဖမ်းဆီးခံလိုက်ရလို့မိသားစုဝင်များနဲ့ပရိတ်သတ်များကစိုးရိမ်ပူပန့နေကြပါတယ်၊အခုတစ်ခါမှာလဲရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တစ်ဦးကပြေတီဦးတို့ဇနီးမောင်နှံအကြောင်းကိုပြောပြလာတာပဲဖြစ်ပါတယ်။

ပြေတီဦးကိုတော့ကျွန်တော်ရုပ်ရှင်ထုတ်လုပ်ရေးမလုပ်ခင်ကတည်းကစတင်ရင်းနှီးခဲ့တဲ့မင်းသား၊တကယ်ညီအကိုလိုဆက်ဆံရေးရှိခဲ့ပီးမာနမရှိဟန်ဆောင်ခြင်းမရှိဘဲလူတိုင်းကိုအမြဲဖော်ရွှေစနောက်နေတတ်တဲ့မင်းသား၊ပရဟိတကိုနာမည်ပျက်မရှိစီမံခန့်ခွဲမှူပွင့်လင်းမြင်သာမှူအပြည့်နဲ့ပညာတတ်လူငယ်ပေါင်းများစွာကိုမွေးထုတ်ပေးခဲ့တဲ့မင်းသား၊လုပ်ဖော်ကိုင်ဖကိစိတ်ရှိပီးအမြဲညှာတာပေးနားလည်ပေးနိုင်မှူရှိတဲ့မင်းသားဆိုပြီးရေးသားထားပါတယ်။

အိန္ဒြာကျော်ဇင်ကိုလဲအသွင်တူလို့အိမ်သူဖြစ်တယ်ဆိုရမလားပဲ၊ခြေမိုးခြင်းမရှိသွက်သွက်လက်လက်ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့မင်းသမီး၊တကယ်ကိုစိတ်သဘောထားပြည့်ဝပီးဘော်ဒါစိတ်ရှိတဲ့မင်းသမီး၊ကူညီချင်စိတ်ရှိပီးပွင့်လင်းချက်ချာပီးအချင်းရောအဆင်းပါပြည့်စုံတဲ့မင်းသမီး၊နှစ်ယောက်စလုံးအတွက်စိုးရိမ်တယ်၊နှစ်ယောက်စလုံးအတွက်ဆုတောင်းပေးတယ်ဒီလိုအဖြစ်ဆိုးကနေအမြန်ရုန်းထွက်နိုင်ပါစေလို့၊ဆက်လက်ပီးအလုပ်တွေလုပ်ကြအုန်းမယ်ကိုတီနဲ့မအူဝဲရေဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊

Zawgyi Version




Credit