ပြည်သူကာကွယ်ရေးတပ်တွေကိုထောက်ပံ့ဖို့အလှူငွေသိန်း(၂၁၀၀)ရရှိထားကြောင်းအသိပေးလာတဲ့ထားထက်ထက်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်မော်ဒယ်ထားထက်ထက်ကတော့အမှန်တရားဘက်ကပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပြီးစစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့တာဘဲဖြစ်ပါတယ်။ထားထက်ထက်ကတော့လမ်းမပေါ်ထွက်ဆန္ဒပြခဲ့သလိုနောက်ပိုင်းမှာလွတ်မြောက်နယ်မြေရောက်ရှိနေပြီးစစ်သင်တန်းတွေတတ်ပြီး တိုက်ပွဲဝင်ပေးနေတာလည်းဖြစ်ပါတယ်။
မကြာသေးမိကထားထက်ထက်ရဲ့အဖေကကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဖခင်ရဲ့နောက်ဆုံးခရီးမှာတောင်တွေ့ခွင့်မရခဲ့ဘဲဝမ်းနည်းပူဆွေးခဲ့ရတာဖြစ်ပါတယ်။ဒီနေ့မှာတောထားထက်ထက်ကကျွန်မတို့ရဲဘော်တွေအတွက်လူသားချင်းအထောက်အကူပြုပစ္စည်းများကူညီထောက်ပံ့ပေးဖို့ဇွန်လနဲ့ဇူလိုင်လများမှာအလှူခံခဲ့တာပြီးခဲ့တဲ့ရက်ပိုင်းအထိဆက်လက်လှူဒါန်းပေးခဲ့ကြတဲ့အလှူငွေများအရအားလုံးစုစုပေါင်းကျပ်သိန်း၂၁၀၀ကျော်ရရှိခဲ့ပါတယ်။
ကျပ်သိန်း၁၁၀၀ကျော်ကိုဇွန်လအတွက်လိုအပ်တဲ့ပစ္စည်းများဝယ်ယူရန်လွှဲပြောင်းပေးခဲ့ပြီးပါပြီ။ကျန်ငွေ၁၀၀၀ကိုအမြဲတမ်းရှင်သန်နေမယ့်ရံပုံငွေပဒေသာပင်လုပ်ဖို့ကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီးပါပြီ။လိုရင်းပဲပြောပါရစေ။မကြာခင်အရေးကြီးအခြေအနေတခုကိုဖြတ်သန်းရတော့မယ်လို့ကျွန်မတို့ညီအကိုမောင်နှမရဲဘော်တွေ သိရှိပြင်ဆင်လျက်ရှိပါတယ်။
ကလေးတွေအတွက်အမြဲတမ်းရှင်သန်နေမယ့်အလှူငွေပဒေသာပင်တည်ဖို့အလှူခံလိုပါတယ်။ကျပ်သိန်း၁၀၀၀လက်ထဲရှိပါတယ်။ကျပ်သိန်း၂၅၀၀လိုအပ်နေပါတယ်။ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရမှုတွေကြောင့်အလှူမခံတော့ဖို့ဆုံးဖြတ်ထားပေမယ့်ငွေပဒေသာပင်ဖြစ်တာမို့အမြန်ဆုံးလှူပေးကြပါလို့တောင်းဆိုပါတယ်။ရရှိတဲ့အလှူငွေတွေကိုနေ့စဉ်ကြေငြာပြီးအမြန်စာရင်းပိတ်နိုင်ဖို့ကူညီပေးကြဖို့မျှော်လင့်ပါတယ်ရှင်။
မြန်မာပြည်တွင်းအလှူရှင်များCBသို့ဆက်သွယ်ပေးပါရှင်။ဆိုးရွားတဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေသိက္ခာပိုင်းတိုက်ခိုက်မှုတွေအပြင်နှလုံးသားတွေတစစီဖြစ်သွားလောက်တဲ့စိတ်ပိုင်းဆိုင်ရာကြေကွဲစရာကိစ္စတွေလဲဒီရက်ပိုင်းထဲဖြစ်ပျက်ခဲ့ပြီးပါပြီ။နှုတ်ဆက်စရာရှိတာတွေနှုတ်ဆက်ပြီးပြီမို့ဆက်လျှောက်ရမယ့်လမ်းကိုရင်ကော့ခေါင်းမော့လို့အဖေ့သွေးအပြည့်ပါတဲ့သမီးအနေနဲ့အဖေဖြစ်စေချင်တဲ့အတိုင်းဆက်လျှောက်ပါဦးမယ်။
Credit