Cele News

နှစ်ရက်အတွင်း ကျပ်သိန်းပေါင်း (၁၃၀၀) ကျော်အလှူခံရရှိကြောင်း အသိပေးလာတဲ့ ထားထက်ထက်

နှစ်ရက်အတွင်းကျပ်သိန်းပေါင်း(၁၃၀၀)ကျော်အလှူခံရရှိကြောင်းအသိပေးလာတဲ့ထားထက်ထက်

ပရိသတ်ချစ်ခင်အားပေးရတဲ့သရုပ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ထားထက်ထက်ကတော့လူထုလှုပ်ရှားမှူကြီးမှာတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ထားထက်ထက်ကိုဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာထားထက်ထက်ကလွတ်မြောက်နယ်​မြေကိုရောက်သွားပြီးစစ်အာဏာရှင်ကိုဆက်လတ်တော်လှန်နေဆဲဖြစ်ပါတယ်။ထားထက်ထက်ကပြည်သူကာကွယ်ရေးတပ်မတော်အတွက်အလှုခံပေးပြီးနှစ်ရက်အတွင်းကျပ်သိန်းပေါင်းများစွာရရှိကြောင်းပြောပြလာတာဘဲဖြစ်ပါတယ်။

ထားထက်ထက်ကမိဘနဲ့ဝေးနေရပေမယ့်အားလုံးရဲ့မေတ္တာတွေရလို့နွေးထွေးပြီးခွန်အားဖြစ်ရပါတယ်ရှင်။မနေ့ညကနဲ့ဒီနေ့ညနေထိနိုင်ငံစုံမှအလှူငွေအရပ်ရပ်စုစုပေါင်းကျပ်သိန်း ၁၃၀၀ရရှိပါတယ်ရှင်။( USစာရင်းများမပါဝင်သေးပါ)အသေးစိတ်ကိုတော့လုံခြုံစွာထုတ်ယူသိမ်းဆည်းပြီးတဲ့အခါတင်ပြပါမယ်။ကျန်တဲ့လိုအပ်ငွေသိန်း၁၂၀၀ကိုအမြန်ပြည့်ဖို့ဆက်ပြီးတိုက်ပွဲဝင်ပါဦးမယ်ရှင်။

Zawgyi Version




Credit