အသက်(၆၀)နှစ်အထက်အဖိုးအဖွားတွေကိုလိုအပ်တဲ့ဆေးဝါးတွေနဲ့ ကြက်သားဆန်ပြုတ်တွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့ အနုပညာနယ်ပယ်မှာသာအောင်မြင်ရုံသာမကပရဟိတအလုပ်တွေလည်းစိတ်ရောကိုယ်ပါနစ်ပြီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ခိုင်နှင်းဝေကတော့ခိုင်မိသားစုဂေဟာကိုဖွင့်ထားပြီးမိဘမဲ့ကလေးများကိုမိဘသဖွယ်စောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။ဒါအပြင်ခိုင်နှင်းဝေကတော့လိုအပ်တဲ့နေရာတွေကိုကိုယ်တိုင်သွားရောက်ပြီးလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်မလုံလောက်ပြီးအသက်တွေဆုံးရှုံးနေရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ခိုင်နှင်းဝေကပြည်သူတွေအတွက်အောက်စီဂျင်စက်တွေလှူဒါန်းခဲ့ပါသေးတယ်။ဒီနေ့မှာတော့အဖိုးအဘွားတွေအတွက်လိုအပ်တဲ့ဆေးတွေနဲ့ကြက်သားဆန်ပြုတ်တွေလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။
ခိုင်နှင်းဝေကဆေးဝါးများနဲ့အတူကြက်သားဆန်ပြုတ်လေးလှူဖြစ်ပါမယ်ရှင်။ဝိုင်းဝန်းကူညီပေးကြသောအချက်အပြုတ်အဖွဲ့များကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော်ဆိူပြီးအားလုံးသာဓုခေါ်နိုင်အောင်မျှဝေလာတာဘဲဖြစ်ပါတယ်။
Zawgyi Version
Credit