စားဝတ်နေရေးကျပ်တည်းနေတဲ့ပြည်သူတွေဆီဆန်နဲ့လိုအပ်တာတွေကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ အောင်လေး
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားချောအောင်လေးကတော့ချစ်စရာအပြုံးလေးတွေနဲ့ဆွဲဆောင်မှုရှိတာကြောင့်နှာခမ်းနီမလေးတွေအသည်းစွဲအားပေးကြတာလည်းဖြစ်ပါတယ်။အောင်လေးကတော့အလှူအတန်းလည်းရက်ရောပြီးမကြာခဏဆိုသလိုလှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အောင်လေးကအဆင်မပြေတဲ့ပြည်သူတွေအတွက်ကိုယ်တိုင်သွားရောက်လှူဒါန်းဖြစ်ပုံကိုအခုလိုပြောပြလာပါတယ်။
ကျွန်တော်တို့နှင့်( Beer Vibe )မိသားစု၊အလှူရှင်များသန်လျင်ဘက်အမှန်တကယ်လိုအပ်နေသောအိမ်ခြေနေရာများကိုကိုယ်တိုင်သွားရောက်လေ့လာလှူဒါန်းပေးခဲ့ပါသည်။တစ်အိမ်လျင်ဆန်(၃)ပြည်၊ကြက်သွန်နီ၂ပိဿာ၊ကြက်ဥ(၁၀)လုံး၊အသားတု(၅၀)သား၊ယမ်ယမ်ခေါက်ဆွဲ(၁၀)ထုတ်၊ဆီသန့်တစ်ဘူးစီကိုအဆင်မပြေဆုံးအိမ်များအလိုက်သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
လိုအပ်သည်များကိုစနစ်တကျကူညီပါဝင်ဆောင်ရွှက်ပေးပါသော(ခုနှစ်စင်ကြယ်ပရဟိတအသင်း)မှလူငယ်ညီကိုမောင်နှမများနှင့်ပါဝင်လှူဒါန်းပေးကြသောအလှူရှင်များကိုလည်းကျေးဇူးများစွာတင်ရှိပါတဃ်ခင်ဗျာ။နောင်အခါများလည်းသွားရောက်လှူဒါန်းမည်ဖြစ်သောကြောင့်လှူဒါန်းလိုသည့်အလှူရှင်များပါဝင်လှူဒါန်းနိုင်ပါတဃ်ခင်ဗျာဆိုပြီးပြောပြလာတာလည်းဖြစ်ပါတယ်။
Zawgyi Version
Credit