Cele News
စိတ်မနှံ့တဲ့မိခင်က ဇရပ်ပေါ်မှာစွန့်ပြစ်ထားခဲ့တဲ့မွေးကင်းစကလေးငယ်ကို ခေါ်ယူမွေးစားပေးမယ့် ခိုင်နှင်းဝေ
စိတ်မနှံ့တဲ့မိခင်က ဇရပ်ပေါ်မှာစွန့်ပြစ်ထားခဲ့တဲ့မွေးကင်းစကလေးငယ်ကို ခေါ်ယူမွေးစားပေးမယ့် ခိုင်နှင်းဝေ
သနားစရာခလေးလေးရယ်စိတ်မကောင်းစရာပါ။ပရိတ်သတ်ကြီးရေကလေးတို့မေမေခိုင်နှင်းဝေကတော့နောက်ထပ်သနားစရာစွန့်ပြစ်ခံကလေးငယ်လေးတစ်ဦးကိုမွေးစားမယ်လို့သိရပါတယ်။ခိုင်နှင်းဝေကအပစ်မဲ့စွာစွန့်ပြစ်ခံရတဲ့ကလေးငယ်လေးများကိုမိခင်စိတ်ဖြင့်မေတ္တာကြီးမားစွာမွေးစားစောင့်ရှောက်ခဲ့တဲ့သူတစ်ယောက်ပါ၊သူမကမေတ္တာလဲကြီးမားသလိုပရဟိတစိတ်အပြည့်ရှိသူလဲဖြစ်ပါတယ်။ယခုကာလရောဂါအခက်အခဲနဲ့တော်လှန်ရေးအခက်အခဲများကြားတွင်သူမကလိုအပ်တဲ့အလှူအတန်းများကိုအဆက်မပြတ်လုပ်ကိုင်ပေးနေတဲ့သူပါ။
တစ်ချို့ရေကြီးဒေသများသဘာဝဘေးအန္တာရာယ်တွေကြုံတွေ့နေရတဲ့နေရာတွေဆီကိုလဲလိုအပ်တဲ့ပစ္စည်းရေဘုတ်၊ရေကူးဝတ်ဆုံစသဖြင့်လှူဒါန်းခဲ့ပါတယ်။သူမဆီကို၇ရက်သားသမီးများကလည်းတတ်နိုင်တဲ့ဘက်ကနေအလှူငွေများဖြည့်ဆီးပါဝင်ကြတာတွေ့ရပါတယ်။သူမကဆင်းရဲချို့တဲ့နေတဲ့မိသားစုရပ်ကွက်တွေအထိပါကိုယ်တိုင်ကိုယ်ကျဆေးဝါးနှင့်အစားအ သောက်တွေကိုလိုက်လန်လှူဒါန်းခဲ့တာပါ။
ယခုအခါမှာလဲမော်လမြိုင်မုဒုံမြို့နယ်ဘက်ကရွာလေးမှာအမေကစိတ်မနှံ့ပဲဇရပ်မှာမီးဖွားပြီးထားခဲ့တဲ့အတွက်ရွာထဲမှလူများ ခေါ်ယူစောင့်ရှောက်ထားရတဲ့သားလေးကိုခိုင်နှင်း​ဝေဆီမွေးစားဘို့ပေးချင်ကြောင်းဆက်သွယ်လာကြောင်းသိရပါတယ်၊ကလေးငယ်သားလေးကတရက်သားပဲရှိပါသေးတယ်လို့လဲသိရပါတယ်။ခိုင်နှင်းဝေကတော့အမှန်တကယ်စောင့်ရှောက်ပေးမယ်သူမရှိပါကသူမကိုယ်တိုင်ခေါ်ယူမွေးစားပေးမယ်လို့သူမရဲ့လူမှု့စာမျက်နှာမှာ ပြောပြလာပါတယ်။မခိုင်နှင်းဝေနဲ့တွေ့သွားလို့ သားငယ်လေးအတွက်ဝမ်းသာရပါတယ်။ပရိတ်သတ်ကြီးအတွက်မခိုင်နှင်းဝေရဲ့ကောင်းမွန်တဲ့စိတ်ထားလေးကိုတစ်ဆင့်ပြန်လည်မျှဝေလိုက်ရပါတယ်နော်။
Zawgyi
Credit