Cele News

တစ်မိုးအောက်မြန်မာလူမှု့ကယ်ဆယ်ရေးအသင်းမှာ အလှူငွေပါဝင်ခဲ့တဲ့ နေထူးနိုင်တို့မိသားစု

တစ်မိုးအောက်မြန်မာလူမှု့ကယ်ဆယ်ရေးအသင်းမှာ အလှူငွေပါဝင်ခဲ့တဲ့နေထူးနိုင်တို့မိသားစု

မင်းသားနေထူးနိုင်ကတော့ဗီဒီယိုဇာတ်လမ်းတွေစပေါ်ကတည်း ကကျော်ကြားခဲ့တဲ့မင်းသားတစ်ယောက်လဲဖြစ်ပါတယ်။နေထူးနိုင်ကလူငယ်အကြိုက်အက်ရှင်ဇာတ်လမ်းတွေကိုအများဆုံးသရုပ်ဆောင်ခဲ့တာပါ၊သူ့ရဲ့ဇာတ်လမ်းတွေကလဲလူကြိုက်များခဲ့ပါတယ်နော်။ခုချိန်မှာတော့ကိုနေထူးနိုင်ကချောမောတဲ့ဇနီးလေးပိုင်ဆိုင်ထားပြီးချစ်စရာသားသမီးလေးတွေလဲရနေပါပြီနော်။

တစ်ချိန်ကသူ့ရဲ့ဇာတ်လမ်းတွေနဲ့ပတ်သတ်လို့ခုချိန်မှာဝေဖန်မှု့တစ်ချို့ကိုခံခဲ့ရပါတယ်။သူကတော့ဝေဖန်တဲ့သူတွေအပေါ်နားလည်မှု့နဲ့ပဲတုန့်ပြန်ထားတာတွေ့ရပါတယ်။အင်တာဗျူးတစ်ခုမှာသူရဲ့ဇာတ် လမ်းတွေကိုပိုကောင်းသတတ်ကောင်းအောင်ဆက်ကြိုးစားသွားပါမယ်လို့ဖြေကြားထားပါတယ်နော်။ကိုနေထူးနိုင်မိသားစုကတော့လက်တွေ့မှာကိုယ်ပိုင်စီးပွားရေးလဲတည်ထောင်ထားကြတာပါ။ခေတ္တရာအဆီကျဆေးကိုသူရဲ့အမျိုးသမီးကိုင်တိုင်ဖော်ဆက်ထားတယ်လို့သိရပါတယ်။

သူကိုယ်တိုင်လဲအောင်မြင်နေပြီးသူ့ရဲ့အမျိုးသမီးရဲ့စီးပွားရေးကလဲဝယ်သူတွေအများအပြားပါပဲ၊သူတို့မိသားစုလေးကအလှူ အတန်းတွေကိုလဲရက်ရောစွာလှူတာတွေ့ရပါတယ်။အခုဆိုလဲတစ်မိုးအောက်လူမှု့ကယ်ဆယ်ရေးအသင်းတစ်ခုမှာအလှူငွေ (၁)သိန်းလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်၊သူတို့မိသားစုကတော့ နေရာတိုင်းမှာတတ်နိုင်တဲ့အလှူလေးတွေကိုအမြဲပါဝင်နေတာပါဖြစ်ပါတယ်။ညောင်စေ့လောက်လှူလဲညောင်ပင်ကြီးလောက်အလှူဖြစ်တာမို့ကိုနေထူးနိုင်မိသားစုလေးရဲ့အလှူလေးကလဲတကယ်ကိုဝမ်းမြောက်စရာကောင်းလှပါတယ်။ဖတ်ရှု့ခဲ့တဲ့ပရိတ်သတ်ကြီးကိုလဲကျေးဇူးတင်ရှိပါတယ်။

Zawgyi




Credit