Cele News
အိမ်တွင်းမှာပဲ အာဟာရကုသိုလ်ဒါနပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်မေကဗျာ
အိမ်တွင်းမှာပဲ အာဟာရကုသိုလ်ဒါနပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်မေကဗျာ
မေကဗျာကတော့ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။သူမကအမေတစ်ခုသမီးတစ်ခုလဲဖြစ်ပါတယ်၊သူမရဲ့သမီးလေးကလဲခုဆိုအရွယ်ရောက်နေပြီး အမေတူသမီးလေးဆိုတော့အလှကတော့ပြောစရာမလိုပါဘူးနော်။မိခင်ကိုကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ပေးနေတဲ့သမီးလိမ္မာလေးပေါ့။မေကဗျာရဲ့အဝတ်အစားမိတ်ကပ်ကအစသူ့သမီးရဲ့ကူညီမှု့တွေလို့သိရပါတယ်၊မေမေမေကဗျာကလဲအဖိုးတန်သမီးလေကိုအရမ်းချစ်မှာမှာပဲနော်။
မေကဗျာကတော့တော်လှန်ရေးမှာပါဝင်ခဲ့တဲ့အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ကုသိုလ်ရေးတွေမှာလဲကိုယ်ပါဝင်ပြီး၊အလှူဒါနတွေကိုလဲတတ်နိုင်သလောက်အမြဲမပြတ်လှူတာတွေတွေ့ရပါတယ်။အခုဆိုသူမကအွန်လိုင်းစီးပွားရေးဖြစ်တဲ့ အွန်လိုင်းစျေးရောင်းလုပ်ကိုင်ခြင်းကိုလုပ်ကိုင်နေပါတယ်၊သူမကိုချစ်တဲ့သူတွေလဲပေါတော့သူ့မရဲ့ပစ္စည်းတွေကလဲရောင်းကောင်းမှာအမှန်ပါပဲနော်၊သူမကစီးပွားရေးအရလုပ်ကိုင်နေပေမယ််ရတဲ့အမြတ်လေးတွေကိုလဲအလှူအတန်းတွေမှာပါဝင်တာတွေ့ရပါတယ်၊တကယ်လေးစားစရာပါပဲ။
အခုလဲသူမရဲ့အိမ်မှာပဲရွာကနေမှာထားတဲ့ဟင်းသီး ဟင်းရွက်အစုံနဲ့ငါးတွေကိုလှူဒါန်းပေးတာတွေ့ရပါတယ်။တကယ်ကိုစုံစုံလင်လင်ပါပဲသူ့ရဲ့အလှူလေးအတွက်တတ်တတ်ကြွကြွပါဝင်တာလဲတွေ့ရပါတယ်။သူမရဲ့လူမှု့စာမျက်နှာမှာလဲဟင်းသီးဟင်းရွက်အသားငါးအလှူဆိုပြီးသူ့ရဲ့ချစ်ပရိတ်သတ်တွေကိုမျှဝေလာခဲ့ပါတယ်။သူမရဲ့အလှူလေးကိုလဲသာဓုခေါ်ပေးသွားကြပါအုနော်။မမေကဗျာတို့မိသားစုလေးလဲကပ်ဘေးကင်းဝေးပြီးကျန်းမာကြပါစေနော်။
Zawgyi
Credit