Cele News

လှိုင်သာယာကပြည်သူတွေ လိုအပ်နေတဲ့ လူနာတင်ကားကို လှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

လှိုင်သာယာကပြည်သူတွေလိုအပ်နေတဲ့လူနာတင်ကားကိုလှူဒါန်းပေးခဲ့တဲ့ဆောင်းယွန်းစံ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဆောင်းယွန်းစံကတော့ဖြူဖြူဖွေးဖွေးလေးနဲ့ချစ်ဖို့ကောင်းပြီးဖြူစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဆောင်းယွန်းစံကတော့ဗီဒီယိုဇာတ်ကားတွေနဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါအပြင်ဆောင်းယွန်းစံကအလှူအတန်းရက်ရောပြီးလိုအပ်တဲ့နေရာတွေကိုလှူဒါန်းပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဆောင်းယွန်းစံကလှိုင်သာယာကပရဟိတအသင်းအတွက်လိုအပ်နေတဲ့လူနာတင်ကားကိုပရိသတ်တွေနဲ့ပေါင်းပြီးလှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။

ဆောင်းယွန်းစံကလှိုင်သာယာမှအနာဂတ်အလင်းရောင်ပရဟိတအသင်းသို့လူနာတင်ယာဉ်ကားအလှု၊ဆောင်းယွန်းနဲ့ခုနှစ်ရက်သားသမီးများအလှုပါရှင့်၊ကုသိုလ်ထပ်တူရပါစေဆိုပြီးအားလုံးသာဓုခေါ်နိုင်အောင်အလှူလေးကိုမျှဝေလာတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit