ဝယ်ယူရန်ခက်ခဲတဲ့ဆေးဝါးတွေကိုပြည်သူတွေဆီလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ဝတ်မှုံရွှေရည်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီးဘက်စုံထူးချွန်လို့အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပါသေးတယ်။
ဒါအပြင်ဝတ်မှုံရွှေရည်ကစိတ်ထားလည်းပြည့်ဝပြီးအလှူအတန်းတွေလည်းမကြာခဏဆိုသလိုပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။မကြာသေမီကလည်းအဖွားရက်လည်အတွက်ဘုန်းကြီးကျောင်းတခုမှာအလှူအတန်းတွေပြုလုပ်ခဲ့ပါသေးတယ်။
ဒီနေ့မှာတော့ဝတ်မှုံရွှေရည်ကဝယ်ယူရန်ခက်ခဲတဲ့ဆေးဝါးတွေကို ပရဟိတအသင်းတခုလှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ကစ်ရဲ့မွန်မြတ်လှတဲ့ဆေးဝါးအလှူလေးအတွက်သာဓုခေါ်ပေးပါဦးနော်။
Zawgyi Version
Credit