Cele News

ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတဲ့ ဖခင်ရဲ့နောက်ဆုံးခရီးကိုတောင် တွေ့ခွင့်မရလိုက်တဲ့ ဖွေးဖွေး

ကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားတဲ့ဖခင်ရဲ့နောက်ဆုံးခရီးကိုတောင်တွေ့ခွင့်မရလိုက်တဲ့ဖွေးဖွေး

ပရိသတ်တွေချင်ခင်အားပေးရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ဖွေးဖွေးကတော့လူထုလှုပ်ရှားမှုကြီးမှာတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးအမှန်တရားဘက်ကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ရှောင်တိမ်းနေစဥ်မှာဖခင်ကြီးဖြစ်သူကကိုဗစ်ရောဂါကူးစက်ခံစားနေရပါတယ်နော်။

မနေ့ညသြဂုတ်လ၁၉ရက်နေ့မှာဆိုရင်တော့ရုပ်ရှင်သရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီဖွေးဖွေးရဲ့ဖခင်ကြီးဦးကျော်ကျော်ဝင်းခေါ်ဦးမောင်ဦး၊အသက်၅၈နှစ်ကပန်းလှိုင်ဆေးရုံမှာကိုဗစ်ရောဂါပြင်းထန်မှုကြောင့်ကွယ်လွန်သွားပြီဖြစ်ကြောင့်သိရှိရပါတယ်ဖွေးဖွေးကအဝေးရောက်နေသဖြင့်ဝတ်မူံရွှေရည်(ကစ်ကစ်)ကယခုညတွင်ပင်ဆေးရုံသို့လိုက်သွားပြီးစီစဉ်ပေးနေပါသည်။မိသားစုနဲ့အတူထပ်တူဝမ်းနည်းကြေကွဲရပါတယ်နော်။

ဖွေးဖွေးကလဲငါ့ဘ၀ကအရင်လိုပြန်ဖြစ်မှာမဟုတ်တော့ဘူးဆိုပြီးတော့ဝမ်းနည်းစွာသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊ကွယ်လွန်သွားပြီဖြစ်တဲ့ရုပ်ရှင်သရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီဖွေးဖွေးရဲ့ဖခင်ကြီးလဲကောင်းရာသုဂတိလားပါစေ။

Zawgyi Version




Credit