Cele News

သူမလိုဘဲ ဖခင်ရဲ့နောက်ဆုံးခရီးကိုတောင် တွေ့ခွင့်မရခဲ့တဲ့ ဖွေးဖွေးရဲ့ နာကျင်မှုကို ကိုယ်ချင်းစာပေးတဲ့ ထားထက်ထက်

သူမလိုဘဲဖခင်ရဲ့နောက်ဆုံးခရီးကိုတောင်တွေ့ခွင့်မရခဲ့တဲ့ဖွေးဖွေးရဲ့ နာကျင်မှုကိုကိုယ်ချင်းစာပေးတဲ့ထားထက်ထက်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုကြီးမှာတတ်တတ်ကြွကြွပါဝင်ခဲ့လို့ဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာဖွေးဖွေးကလွတ်မြောက်တဲ့တနေရာကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။

မကြာသေးမီကသရုပ်ဆောင်ဖွေးဖွေးရဲ့ဖခင်ကြီးကကိုဗစ်ရောဂါကြောင့်မနေ့ညကကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။ဖွေးဖွေးကတော့ဖခင်ရဲ့နောက်ဆုံးခရီးမှာတောင်တွေ့ခွင့်မရလိုက်ပါဘူး။ထားထက်ထက်ကတော့ဖွေးဖွေးနဲ့လည်းခင်မင်ရင်းနှီးတာကြောင့်ဖွေးဖွေးရဲ့ဝမ်းနည်းနာကျင်နေမှုကိုကိုယ်ချင်းစာနေတာဖြစ်ပါတယ်။

ဖွေးဖွေးကသူမလိုပဲရှောင်တိမ်းနေထိုင်နေရချိန်မှာဖခင်တစ်ယောက်လုံးကိုခွဲခွါလိုက်ရတာကြောင့်ဖွေးဖွေးကိုအားပေးစကားလေးပြောလိုက်သေးတာဖြစ်ပါတယ်။ပြည်သူချစ်မင်းသမီးချောလေးဖွေးစိန်ရဲ့ကြီးမားတဲ့ဆုံးရှုံးမှုလေးကိုပရိသတ်တွေနဲ့အနုပညာရှင်အသိုင်းအဝိုင်းကပါထပ်တူဝမ်းနည်းနေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi Version




Credit