Cele News

လွတ်မြောက်နယ်မြေရောက် ပြည်သူချစ်အနုပညာရှင်မင်းမော်ကွန်းရဲ့ လေးစားစရာစိတ်ထား

လွတ်မြောက်နယ်မြေရောက်ပြည်သူချစ်အနုပညာရှင်မင်းမော်ကွန်းရဲ့လေးစားစရာစိတ်ထား

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်မင်းမော်ကွန်းကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့ထိပ်တန်းအနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင်မင်းမော်ကွန်းကလူထုတေယ်လှန်ရေးကြီးမှတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးလွတ်မြောက်နယ်မြေမှာလည်းစစ်သင်တန်းတွေတတ်ရောက်နေသူတစ်ယောက်ပါ။

ဒီနေ့မှာတော့သရုပ်ဆောင်မင်းမော်ကွန်းနဲ့ပတ်သတ်ပြီးထိုင်းနိုင်ငံကအလုပ်သမားတွေကိုကူညီပေးနေတဲ့တော်လှန်ရေးရဲဘော် ACC မှ ကိုရဲမင်းကအခုလိုပြောပြလာပါတယ်။ကသာရဲစခန်းမင်းမော်ကွန်းအဖွဲ့၀င်စီးဆိုတာသတင်းအမှားကြီးပါ။ကိုကျော်တို့မိသားစုလေးခမျှတောတောင်ထဲမှာလှေလေးနဲ့ခက်ခက်ခဲခဲယခုပုံပါအတိုင်းသွားလာနေရတာပါ၊အနီးကပ်ရှိ‌နေသူတွေကကူညီတာကိုအားနာပြီးလက်မခံဘဲ တောထဲကရတဲ့မှိုလေးတွေဒီနေ့ရွာထဲကိုသွားရောင်းပြီးလှေနဲ့ပြန်လာတဲ့ပုံလေးပါ။

သူများကိုအကူအညီတောင်းရမှာအလွန်အားနာတတ်တဲ့ ကိုကျော်ဟာသူစီးနေကျကားလေးကိုလည်းရတဲ့‌ဈေးနဲ့လွန်ခဲ့သောနှစ်လကအရှုံးခံရောင်းလိုက်ရပါတယ်။အဲဒီနေ့ကဆိုသူသံယောဇဉ်ဖြစ်တဲ့ကားလေးရောင်းလိုက်ရတော့အတော်လေးစိတ်မကောင်းဖြစ်နေတာပါ။လွတ်‌မြောက်နယ်‌မြေမှာလည်းမိသားစုအတွက်ကုန်ကျစရိတ်တွေရှိတယ်လေ။တော်လှန်‌ရေးမှာအနစ်နာခံတဲ့အနုပညာရှင်တွေကိုမှတ်ထားပေးကြပါ။ထို့အတူတော်လှန်‌ရေးမှာအဲယားကွန်းအခန်းထဲကနေသာကူးခွထိုင်ဖို့ချောင်းနေတဲ့အနုပညာရှင်တွေကိုလည်းမှတ်ထားပေးကြပါ။

Zawgyi Version




Credit