ကင်ဆာရောဂါခံစားနေရတာကြောင့်ရင်သားတဖက်ဖြတ်ထားရပြီး စားဝတ်နေရေးကျပ်တည်းနေတဲ့ဇာတ်ပို့သရုပ်ဆောင်နွယ်နီ
ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့မနွယ်နီကတော့ကင်ဆာရောဂါခံစားနေရပြီးအခုလိုအနုပညာအလုပ်တွေကိုရပ်နားထားရတဲ့အချိန်မှာစားဝတ်နေရေးကျပ်တည်းနေတာလည်းဖြစ်ပါတယ်။အခက်အခဲဖြစ်နေတဲ့ဇာတ်ပို့သရုပ်ဆောင်မနွယ်နီကိုလူရွှင်တော်မိုးစက်ကသွားရောက်ကူညီပေးခဲ့ပါတယ်။
မနွယ်နီလက်ထဲငွေငါးသောင်းထည့်ပေးလိုက်တော့ကျစ်ကျစ်လစ်လစ်လေးစုပ်ကိုင်ရင်းမျက်ရည်တွေကျနေရှာတာပေါ့။ကိုဗစ်ဒုတိယလှိုင်းမှာကျွန်တော်နဲ့ဇာတ်ပို့သရုပ်ဆောင်မနွယ်နီကကြော်ငြာရိုက်ရင်းနဲ့တစ်ချိန်တစ်ခါဘဲဆုံဖူးပါတယ်။ရှုတင်ပြီးတော့မနွယ်နီအိမ်ကိုကျွန်တော်ငှားထားတဲ့Taxiလေးနဲ့လိုက်ပို့ပေးခဲ့တယ်ပေါ့ဗျာအဲ့ဒီကတည်းကမနွယ်နီတို့မိသားစုအပေါ်ဂရုဏာသက်မိတာပါ။ရင်သားတစ်ဖက်ဖြတ်ထားရပြီးကလေးတွေနဲ့ရုန်းကန်နေရတဲ့အစ်မအတွက်တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။
ဂိတ်ဟောင်းစိန်ကျော်ဆီဆိုင်မှာပုရစ်ကြော်ဖို့ဆီဝယ်တော့ကျွန်တော့်အလှူလေးတွေပီတိဖြစ်နေတဲ့ဆီဆိုင်ပိုင်ရှင်ကလိုအပ်တဲ့နေရာလှူဆိုပြီးဖော်ဖော်ရွေရွေနဲ့ငွေ၂၀၀၀၀ထည့်ပေးလိုက်ပါတယ်။ကျွန်တော်က ၃၀၀၀၀စိုက်ပြီးမနွယ်နီစားဝတ်နေရေးအခက်အခဲကိုတင်ပြပေးသူကြောင့်သွားရောက်ကူညီပေးခဲ့ပါတယ်။ကျွန်တော်တင်ပေးလိုက်တဲ့ပိုစ့်တစ်ခုကြောင့်ပရိတ်သတ်တွေမေ့နေလောက်တဲ့အနုပညာလောကသားတွေသတိရသွားရင်ကျေနပ်ပါပြီမိုးစက်ကပြောပြပါတယ်။
Zawgyi Version
ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ မႏြယ္နီကေတာ့ကင္ဆာေရာဂါခံစားေနရၿပီး အခုလိုအႏုပညာအလုပ္ေတြကိုရပ္နားထားရတဲ့အခ်ိန္မွာစားဝတ္ေနေရးက်ပ္တည္းေနတာလည္းျဖစ္ပါတယ္။အခက္အခဲျဖစ္ေနတဲ့ဇာတ္ပို႔သ႐ုပ္ေဆာင္မႏြယ္နီကိုလူ႐ႊင္ေတာ္မိုးစက္က သြားေရာက္ကူညီေပးခဲ့ပါတယ္။
ကိုဗစ္ဒုတိယလွိုင္းမွာကြၽန္ေတာ္နဲ႕ ဇာတ္ပို႔သ႐ုပ္ေဆာင္မႏြယ္နီ ကေၾကာ္ျငာရိုက္ရင္းနဲ႕ တစ္ခ်ိန္တစ္ခါဘဲဆုံဖူးပါတယ္။ရႈတင္ၿပီးေတာ့မႏြယ္နီအိမ္ကိုကြၽန္ေတာ္ ငွားထားတဲ့ Taxi ေလးနဲ႕လိုက္ပို႔ေပးခဲ့တယ္ေပါ့ဗ်ာအဲ့ဒီကတည္းကမႏြယ္နီတို႔မိသားစုအေပၚဂ႐ုဏာသက္မိတာပါ။
ဂိတ္ေဟာင္းစိန္ေက်ာ္ဆီဆိုင္မွာပုရစ္ေၾကာ္ဖို႔ ဆီဝယ္ေတာ့ကြၽန္ေတာ့္အလႉေလးေတြပီတိျဖစ္ေနတဲ့ဆီဆိုင္ပိုင္ရွင္ကလိုအပ္တဲ့ေနရာလႉဆိုၿပီးေဖာ္ေဖာ္ေ႐ြေ႐ြနဲ႕ ေငြ ၂၀၀၀၀ ထည့္ေပးလိုက္ပါတယ္။ကြၽန္ေတာ္က ၃၀၀၀၀ စိုက္ၿပီးမႏြယ္နီ စားဝတ္ေနေရးအခက္အခဲကိုတင္ျပေပးသူေၾကာင့္သြားေရာက္ကူညီေပးခဲ့ပါတယ္။
Credit