Cele News

ဖခင်ကွယ်လွန်သွားလို့ စိတ်အားငယ်နေတဲ့အပြင် ကိုဗစ်ရောဂါပါကူး စက်ခံလိုက်ရတဲ့ သရုပ်ဆောင်ဖွေးဖွေး

ဖခင်ကွယ်လွန်သွားလို့စိတ်အားငယ်နေတဲ့အပြင်ကိုဗစ်ရောဂါပါကူးစက်ခံလိုက်ရတဲ့သရုပ်ဆောင်ဖွေးဖွေး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ဖွေးဖွေးကလူထုတော်လှန်ရေးကြီးမှာရှေ့ဆုံးကပါဝင်ခဲ့ပြီးပြည်သူနဲ့အတူရပ်တည်ပေးခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါကြောင့်မလို့ဖွေးဖွေးကိုဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။မကြာသေးမီကဖွေးဖွေးချစ်ရတဲ့အဖွားနဲ့ဖခင်ဖြစ်သူကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဖွေးဖွေးကရူးမတတ်အောင်ခံစားနေရပြီး ဖခင်ရဲ့နောက်ဆုံးခရီးကိုတောင်တွေ့ခွင့်မရလိုက်ပါဘူး။

ဒါအပြင်ဒီနေ့မှာတောင်မင်းသမီးချောလေးဖွေးဖွေးကကိုဗစ်ရောဂါကူးစက်ခံရတာ၅ရက်ပြည့်ပြီးဖြစ်ကြောင့်ဝမ်းနည်းစွာပြောပြလာပါတယ်။ဒီချိန်မှာဖွေးဖွေးကစိတ်အားငယ်နေပြီးလက်ရှိအခြေအနေကိုလက်ခံနိုင်မှာမဟုတ်သေးပါဘူး။ပရိသတ်ကြီးကလည်းဖွေးဖွေးအတွက်အားပေးစကားလေးပြောခဲ့နော်။

Zawgyi Version




Credit