Cele News

အမှန်တကယ်အဆင်မပြေတဲ့ အိမ်ခြေ(၂၀၀)စာအတွက် ဆန်၊ဆီနဲ့ လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

အမှန်တကယ်အဆင်မပြေတဲ့အိမ်ခြေ(၂၀၀)စာအတွက်ဆန်၊ဆီနဲ့လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးလိုချစ်စနိုးခေါ်ကြပြီးကိုယ်ကျိုးမကြည့်ဘဲပရဟိတလုပ်ငန်းတွေကိုစိတ်ရောကိုယ်ပါနစ်ပြီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ခိုင်မိသားစုဂေဟာကိုတည်ထောင်ထားပြီးစွန့်ပစ်ခံမိဘမဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။

ဒါအပြင်ခိုင်နှင်းဝေကစားဝတ်နေရေးခက်ခဲနေတဲ့သူတွေဆီလိုအပ်တဲ့စားသောက်ကုန်တွေကိုလည်းကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ခိုင်နှင်းဝေကအိမ်ခြေ(၂၀၀)စာအတွက်လိုအပ်တာတွေလှူဒါန်းခဲ့ပုံကိုအခုလိုပြောပြလာပါတယ်။

ခိုင်နှင်းဝေကဆန်(၂)ပြည်၊ဆီ၊ကြက်ဥ(၁၀)လုံး၊အာလူးနှင့်လက်သန့်ဆေးတို့ကိုအိမ်ခြေ(၂၀၀)စာရပ်ကွက်များခွဲ၍လှုဒါန်းပေးခဲ့ပါတယ်။အမှန်တကယ်ဖျားနာအိမ်များ၊ခက်ခဲနေတဲ့သူများကိုရွေးချယ်လှူဒါန်းပေးခဲ့သောကာလဒါနအလှူကုသိုလ်တို့အားခုနှစ်ရက်သားသမီးများအားလုံးသာဓုခေါ်ဆိုနိုင်ကြပါစေရှင်ဆိုပြီးမျှဝေလာတာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit