ကျူးကျော်ရပ်ကွက်မှာနေတဲ့မိသားစုတွေစိုစိုပြေပြေစားစေချင်လို့ငါးတစ်ကောင်နဲ့လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ခိုင်နှင်းဝေ
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ခိုင်နှင်းဝေကတော့အနုပညာအလုပ်တွေအပြင်ပရဟိတအလုပ်တွေကိုလည်းအားသွန်ခွန်စိုက်လုပ်နေသူတစ်ယောက်ပါ။ခိုင်နှင်းဝေကတော့ခိုင်မိသားစုဂေဟာကိုဖွင့်ထားပြီးမိဘမဲ့ကလေးတွေကိုကူညီစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။
ဒါအပြင်ခိုင်နှင်းဝေကခက်ခဲနေတဲ့ပြည်သူတွေဆီကိုယ်တိုင်သွားရောက်ပြီးလိုအပ်တဲ့ဆန်နဲ့အခြားစားသောက်ကုန်တွေကိုမကြာခဏလှူဒါန်းပေးနေသူတစ်ယောက်ပါ။ဒီနေ့မှာတော့ခိုင်နှင်းဝေကကျူးကျော်ရပ်ကွက်မှာနေတဲ့မိသားစုတွေအတွက်သွားရောက်လှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။
ငါး(၁)ကောင်၊ဆီ၊အာလူး၊ကြက်သွန်နီတို့ကိုအိမ်ခြေ(၂၀၀)စာလှူဒါန်းပေးခဲ့ပါတယ်ရှင်။စိုစိုဖတ်ဖတ်နဲ့အသားငါးလေးစားစေချင်လို့ပါကျူးကျော်နဲ့အိမ်ဌားများမှအိမ်ထောင်စုများကိုစာရင်းကောက်ပြီးလှူပေးခဲ့ပါတယ်။ပီတိကုသိုလ်တို့အားသာဓုခေါ်ဆိုနိုင်ကြပါစေရှင်ဆိုပြီးခိုင်နှင်းဝေကအားလုံးသာဓုခေါ်နိုင်အောင်မျှဝေလာတာဘဲဖြစ်ပါတယ်။
Zawgyi Version
Credit